ကောင်းချစ်အောင်
ဇန်နဝါရီ ၁၅ ၊ ၂၀၂၄။
နိုင်ငံအနှံ့ လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်နေခြင်းကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဒုက္ခများစွာခံ စားနေကြရပြီး ကောင်းကျိုးဖော်ဆောင်နိုင်မည်မဟုတ်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ထပ်မံ၍ ထုတ်ဖော် ပြောဆိုလိုက်ပြန်သည်။
ယနေ့ကျရောက်သည့် ၇၂ နှစ်ပြည့် ကယားပြည်နယ် (စစ်ကောင်စီအဆိုအရ) နေ့အထိမ်းအမှတ်တွင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ကြရာ တွင် ကရင်နီတိုင်းရင်းသားများ အတွေးအခေါ်မှန်ကန်စွာဖြင့် ပါဝင်ပေးကြရန် တိုက်တွန်းပြောဆိုထားသည်။
ကရင်နီပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများက စစ်ကောင်စီအစိုးရနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ထာဝရငြိမ်းချမ်းရေးကိုသားစဉ်မြေးဆက်ခံစား နိုင်အောင် တည်ဆောက်သွားကြရန် အထူးလိုအပ်နေချိန်ဖြစ်သည်ဟုလည်း သတင်းစကားပါးထားသည်။
၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကရင်နီပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပြည် နယ်တစ်ခုအဖြစ်ပါဝင်ခဲ့ပြီး ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေအရ လူထုဆန္ဒ ဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်ကစ၍ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် တရားဝင် ပြောင်းလဲခေါ်ဝေါ်ခဲ့သည့် ဇန်နဝါရီ ၁၅ ရက်ကို “ကယားပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီအနေဖြင့် “ကယားပြည်နယ်”ဟူသော အသုံးအနှုန်းသည် စစ်အာဏာရှင် များက မတရားပြောင်းလဲခေါ်ဝေါ်သုံးစွဲခဲ့သည့် အမည်နာမဖြစ်သည့်အတွက် “ကရင်နီပြည်နယ်” ဟုသာ သုံးစွဲပေး ကြရန် ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3000
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7016