• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)
  • အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်
  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်
  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ
  • ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နိုင်ငံတကာသတင်း»ရှမ်းမြောက်အပစ်ရပ်ကြောင်း တရုတ်ဘက်ကလည်း ထုတ်ပြန်ကြေညာ
နိုင်ငံတကာသတင်း

ရှမ်းမြောက်အပစ်ရပ်ကြောင်း တရုတ်ဘက်ကလည်း ထုတ်ပြန်ကြေညာ

thanlwinkhetBy thanlwinkhetJanuary 13, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ရှမ်းမြောက်အပစ်ရပ်ကြောင်း တရုတ်ဘက်ကလည်း ထုတ်ပြန်ကြေညာ

**********************

သံလွင်ခက်

ဇန်နဝါရီ ၁၃ ၊ ၂၀၂၄။

မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်က စတင်ဆင်နွှဲလာခဲ့သည့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏စစ်ဆင်ရေးများသည် စစ်ကောင်စီအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်လာခဲ့သည့်အတွက် အပစ်အခတ်ရပ်စဲရေးကို မဟာမိတ်အဖွဲ့များနှင့် စစ်ကောင်စီက သဘောတူညီခဲ့ရသည်။

တရုတ်နိုင်ငံအနေဖြင့်လည်း နှစ်ဖက်တပ်များ အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။

“မြန်မာနိုင်ငံက သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ သဘောတူညီချက်တွေကို အသိစိတ်ရှိရှိနဲ့ အကောင်အထည် ဖော်သွားကြဖို့၊ နှစ်ဖက်အပြန်အလှန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့၊ ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ဖြေရှင်းသွားကြမယ်လို့ တရုတ်နိုင်ငံကမျှော်လင့်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနယ်စပ်မှ မိုင် ၂၅၀ နီးပါးအကွာတွင်ရှိသော တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြီးခဲ့သည့် ဗုဒ္ဓဟူး၊ ကြာသပတေး နေ့များတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တရုတ်နယ်စပ်၌နေထိုင်သူများအပေါ် တစုံတရာမထိခိုက်စေဖို့ကတိပြုထား သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ယာယီအပစ်အခတ်ရပ်စဲရေး”ကို သဘောတူထားကြောင်း မြန်မာစစ်တပ်ကလည်း အတည်ပြုထားပြီး တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က ခေါင်းဆောင် ၁ ဦးကလည်း အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုရရှိပြီးဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံက သံတမန် ၁ ဦးပါဝင်သည်ဟုလည်း ပြောဆိုထားသည်။

ပြီးခဲ့သောဒီဇင်ဘာလတွင် အပစ်အခတ်ရပ်စဲရေးကို တရုတ်နိုင်ငံဘက်ကကြေညာခဲ့သော်လည်း တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပြည်နယ်များနှင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့သည်။

တရုတ်အစိုးရအနေဖြင့် ကုန်သွယ်ရေးအဟန့်အတားများနှင့် ဒုက္ခသည်များဝင်ရောက်လာမည့်အပေါ် စိုးရိမ်ပူပန်မှု များရှိနေပြီး တရုတ်သံတမန် ထန်ရှီရှန်း ( Deng Xi Jin ) ၏ ပံ့ပိုးကူညီမှုဖြင့် မဟာမိတ်အဖွဲ့က “စစ်ဆင်ရေးများ ဆက်လက်မဖော်ဆောင်ဘဲ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သည်”ဟု ဆွေးနွေးပွဲ၏ထိလွယ်ရှလွယ် အခြေ အနေများကြောင့် အမည်မဖော်လိုသူ TNLA ခေါင်းဆောင် ၁ ဦးက ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။

“မဟာမိတ်တပ်တွေဘက်ကနေ သဘောတူညီချက်က ရန်သူ့စစ်စခန်းတွေ မြို့တွေကို ထိုးစစ်ဆင်တာက ရှောင်ကြဥ်ဖို့ဖြစ်ပြီး မြန်မာစစ်တပ်ဘက်ကသဘောတူညီချက်က လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲတိုက်ခိုက်မှု သို့မဟုတ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာမျိုးမလုပ်ဖို့ပေါ့” ဟုပြောသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး အချို့မှာ တရုတ်နိုင်ငံကို နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာကြမည်ကိုစိုးရိမ်သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

Ref : Aljazeera

ဓာတ်ပုံ – Reuters

ပုံစာ – တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) ကနှစ်ဖက်တပ်များအပစ်ရပ်စဲကြောင်း ကြေညာနေစဥ်။

*********

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/2992

YouTube- > https://youtu.be/SpxIBpTYop8

Website _> https://thanlwinkhet.net/?p=6996

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရှမ်းမြောက်၌ ယာယီအပစ်ရပ်သဘောတူညီမှု စည်းကမ်းတချို့ကို စစ်ကောင်စီချိုးဖောက်
Next Article စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ TNLA စခန်းပေးလိုက်ရ
thanlwinkhet
  • Website

Related Posts

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

June 18, 2025

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

June 18, 2025

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

June 18, 2025

Leave A Reply Cancel Reply

Recent Posts

  • လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)
  • အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်
  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်
  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

June 18, 2025

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

June 18, 2025

အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်

June 18, 2025

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

June 18, 2025

ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

June 18, 2025

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ

June 18, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.