လက်နက်ကြီးထိမှန်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူ တပ်မဟာ ၃ နယ်မြေ မုန်းမြို့နယ်၊အုန်းပင်စုကျေးရွာမှ ဒေသခံ အမျိုးသား ၂ ဦးသေဆုံးခဲ့သည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကိုပြောသည်။ မုန်းမြို့နယ် ဝဲကြီးကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLA တပ်ဖွဲ့ဝင်များကြား ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက် ည ၁၁ နာရီဝန်းကျင်တွင်…