• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»မင်းကင်းဒေသက ပျူရွာအထိုင်စခန်းအား ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်
တိုက်ပွဲသတင်း

မင်းကင်းဒေသက ပျူရွာအထိုင်စခန်းအား ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်

thanlwinkhetBy thanlwinkhetFebruary 13, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မင်းကင်းဒေသက ပျူရွာအထိုင်စခန်းအား ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်

**************************

သံလွင်ခက်

ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ကူလဲ ( အရှေ့ ) ရွာရှိ ပျူစောထီးအထိုင်စခန်းကို ကာကွယ်ရေး ပူးပေါင်းတပ်များက ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင် တိုက်ခိုက်နိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

အဆိုပါ ကူလဲ ( အရှေ့ ) ရွာသည် ပျူစောထီးရွာဖြစ်ပြီး ယင်းရွာထဲရှိ အင်အား ၆၀ ဝန်းကျင်ရှိသော ပျူစောထီး အထိုင်စခန်းအား မင်းကင်းမြို့နယ် တပ်ရင်း ၅ ရင်း နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မင်းကင်းမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ” ကူလဲရွာကကျတော့ စစ်ကောင်စီအထိုင်စခန်းတော့ မဟုတ်ပါဘူး။ ပျူရွာပါ။ ပျူရွာအထိုင်စခန်းပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်က အနည်းအကျဉ်းပါပဲ။ အစုလိုက်ကြီးတော့ မဟုတ်ဘူး။ ဒီစခန်းကို သူတို့ အချိန်ပိုင်းလောက်ပဲ တိုက်ယူလိုက်တာပါ ” ဟု ဆိုသည်။

အဆိုပါ ပျူစောထီးအထိုင်စခန်းအား ကာကွယ်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့်နှစ်ကလည်း တိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ချိန်မှာတော့ အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုလအတွင်း မင်းကင်းဒေသတွင် စစ်ကောင်စီတပ်ဖွဲ့များက ထိုးစစ်ဆင်မှုမရှိဘဲ ကာကွယ်ရေးတပ်ဖွဲ့များကသာ ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

” ဒီလအတွင်းမှာ ထိုးစစ်ဆင်တာကတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တာတွေရှိတယ်။ စစ်ကောင်စီဘက်က ထိုးတဲ့အခြေအနေတော့မရှိပါဘူး ” မင်းကင်းမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်ကစတင်ကာ မင်းကင်းမြို့နယ်၊ ကံရွာရှိ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့အချိန်ထိ တိုက်ပွဲပြင်းထန်လျက်ရှိသည်။

အဆိုပါ တိုက်ပွဲအတွင်း မင်းကင်းမြို့နယ်၊ ပျူစောထီးတပ်တာဝန်ခံ ကျေးတောင်ဦး “ကိုကိုကြီး” မေးရိုးထိမှန်ဒဏ်ရာရရှိခဲ့ကာ ပျူ ၄ ဦးသေဆုံးပြီး ပျူစောထီးနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ – S.R.F က ထုတ်ပြန်ထားသည်။

ယမန့်နေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ နံနက်  ၆နာရီကစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ S.R.F ၊ မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော Brave eagle revolution force -B.E.R.F၊ People’s Liberation Army – P.L.A ၊ ချင်းတွင်းအထက်မြစ်ရိုးတော်လှန်ရေးတပ်ဖွဲ့ – U.C.R.R.F တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု မင်းကင်းနွေဦးတော်လှန်ရေးအဖွဲ့ထံက သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ကံရွာကို ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းနှင့် စစ်အင်အားဖြည့်တင်းထားပြီး ၎င်းကျေးရွာအနီးတစ်ဝိုက်ရှိဒေသခံများ တိမ်းရှောင်နေကြရကာ စစ်ရေးဆက်လက်တင်းမာနေသည်ဟု မင်းကင်းနွေဦးတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ – S.R.F။

ပုံစာ – ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ – S.R.F တပ်ဖွဲ့ဝင်များ။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3336

YouTube – > https://youtu.be/eEaLA1Cu5r0

Website – >  https://thanlwinkhet.net/?p=7681

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီတပ်နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေသည့် စွပ်စွဲချက် CNF ငြင်းဆို
Next Article ဆေးဖြတ်လူငယ် ၁၂ ဦး အသတ်ခံရမှုအပါအဝင် စစ်ရာဇဝတ်မှုများကို PNFC ရှုတ်ချ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.