ယမင်းဖူးပွင့်အောင် မေ ၁၉၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ပဲစိုက်ခင်းများ ပျက်စီးသွားပြီး တောင်သူများပြန်လည်စိုက်ပျိုးရန် အခက်အခဲကြုံတွေ့နေရသည်ဟု ကူညီသူများထံက သိရသည်။ ပဲတီစိမ်းစိုက်ခင်း တစ်ဧကကို ခြောက်သိန်းဝန်းကျင်ခန့် ကျသင့်ပြီး မုန်တိုင်းကာလအတွင်း ပျက်စီးသွားခဲ့သောကြောင့် ကြွေးမြီများပြန်မဆပ်နိုင်သလို မိုးစပါးထပ်မံစိုက်ပျိုးရန်လည်း အကူအညီများလိုအပ်နေသည်ဟုဒေသခံများကပြောသည်။ အရင်းအနှီးမရှိသည့် တောင်သူများက ချေးငှား၍ စိုက်ပျိုးကြပြီး…