စစ်ကောင်စီတပ်သား ၁ ဦးကို PNLA ဖမ်းဆီးရမိ
****************
ယမင်းဖူးပွင့်အောင်
ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပအိုဝ်းအမျိူးသားလွတ်မြောက်ရေးတပ်မတော် PNLA က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို လက်နက်ခဲယမ်းအချိူ့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
သထုံႏပေႏ(ဆီဆိုင်)မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA က ယမန်နေ့၌ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် စစ်ကောင်စီတပ်နှင့် လက်အောက်ခံပြည်သူ့စစ်များက ပစ်ခတ်သည့်အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PNLA က ယနေ့၌ ထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲအပြီး PNLA က ရှင်းလင်းမှုပြုလုပ်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် ၁ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
သထုံႏပေႏ(ဆီဆိုင်)မြို့မြောက်ဘက်တစ်နေရာတွင်လည်း စစ်ကြောင်းထိုးရန် ကြိုးစားသည့် စစ်ကောင်စီနှင့် လက် အောက်ခံပြည်သူ့စစ်အဖွဲ့ကို PNLA ကတားဆီးရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ၆၀ မမပြောင်းတို ၁ လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်အဖွဲ့များသည် ယမန်နေ့ညတွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ကျေးရွာများအား လက်နက်ကြီး အချက် ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း PNLA ထံက သိရသည်။
Photo – PNLA
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3392
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7740