• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ညောင်လေးပင်ခရိုင်ဒေသခံများ လက်နက်ကြီးဒဏ် ပိုခံနေရ
တိုက်ပွဲသတင်း

ညောင်လေးပင်ခရိုင်ဒေသခံများ လက်နက်ကြီးဒဏ် ပိုခံနေရ

thanlwinkhetBy thanlwinkhetFebruary 15, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ညောင်လေးပင်ခရိုင်ဒေသခံများ လက်နက်ကြီးဒဏ် ပိုခံနေရ
************************
သံလွင်ခက်
ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး – KNU ၊ တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ဒေသခံများ လက်နက်ကြီးဒဏ် ပိုမိုခံစားနေရသည်ဟု KNU ညောင်လေးပင်ခရိုင် တာဝန်ရှိသူများထံက သိရသည်။
ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားသည်ဆိုသည်ထက် စစ်ကောင်စီက ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ ပိုမိုများပြားသည်ဟု ခရိုင်ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဟဲဂေ က သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” ညောင်လေးပင်ခရိုင်အတွင်း တကယ်တမ်းပြန်ကြည့်မယ်ဆိုရင် တိုက်ပွဲမဖြစ်ဘဲနဲ့ ဒီစစ်ကောင်စီတပ်ဘက်ကနေပြီးတော့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်တွေက ပိုပြီးများပြားပါတယ်။ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကတော့ရှိတယ်။ ဒါပေမယ့် လက်နက်ကြီးပစ်ခတ်လို့ ကျေးရွာမှာ မနေရဲဘဲနဲ့ ရှောင်ပြေးနေရတဲ့ ပြည်သူတွေက ပိုပြီးတော့ များတာပေါ့ “ဟု ဆိုသည်။
ညောင်လေးပင်မြို့အခြေစိုက် ခမရ – ၂၀ ၊ ပိန်းဇလုပ် အခြေစိုက် ခလရ – ၂၆၄ နှင့် ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာ အခြေစိုက် ခမရ – ၃၀၇ စသည့်စစ်ကောင်စီတပ်များက ညောင်လေးခရိုင်အတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး ပစ်ခတ်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ် ခမရ – ၂၀ သည် ညောင်လေးပင်မြို့ အရှေ့တောင်ဘက်ရှိကျေးရွာများကိုလည်းကောင်း၊ ခလရ ၂၆၄ – တပ်သည် ပိန်းဇလုတ်မြို့အရှေ့မြောက်ဘက်ကျေးရွာများနှင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာများ ကိုလည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။
ထို့ပြင် ခမရ – ၃၀၇ တပ်သည် ဖြူးမြို့နယ်ရှိကျေးရွာများ ၊ ကညွတ်ကွင်းမြို့အရှေ့ဘက်ရှိ ကျေးရွာများ၊ ပဲနွယ်ကုန်းမြို့အရှေ့ဘက်ရှိကျေးရွာများနှင့် ကျောက်တံခါးမြို့နယ် အရှေ့မြောက်ဘက်ရှိကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်၊ ည ၉ နာရီခန့်တွင် ပိန်းဇလုပ် ခလရ – ၂၆၄ တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာအုပ်စု၊ အညာစုကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
အညာစုကျေးရွာ ဒေသခံ ၁ ဦးက ” တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘူး။ ကျတဲ့ အိမ်က လူမရှိဘူး၊ ဒါပေမယ့် ဘေးက လူတွေထိကုန်တာ ” ဟုဆိုသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အညာစုကျေးရွာက အသက် ၄၃ နှစ်အရွယ် အမျိုးသမီးသေဆုံး ခဲ့ပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသား ၂ ဦးနှင့် အသက် ၈ နှစ်အရွယ်ကလေးငယ်အပါအဝင် စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပေဒများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာရောက်သည်ဟု ခရိုင်ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဟဲဂေ က ဆိုသည်။
၎င်းက ” တကယ်တိုင်းဆိုရင် အပြစ်မဲ့ပြည်သူတွေကိုဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ အခုလို ပစ်ခတ်နေတာတွေက တော့ မလုပ်သင့်ဘူး၊ မဖြစ်သင့်ဘူး။ တပ်မတော်တစ်ခုရဲ့ ကျင့်ဝတ်၊ စစ်သားတစ်ယောက်ရဲ့ကျင့်ဝတ် ဒါတွေကို လည်း ချိုးဖောက်ရုံတင်မကဘဲနဲ့ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပေဒကိုလည်း သူ ( စစ်ကောင်စီ )က ပြောင်ပြောင်တင်းတင်းကို ချိုးဖောက်နေတာ ” ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ကေအဲန်ယူ − ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေတွင် စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစား ၁၈ မျိုးထက်မနည်းကျူးလွန်ခဲ့ပြီး ထိုထဲတွင် ပြည်သူလူထုများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း အကြိမ်ရေ ၂,၀၀၀ ကျော် ပြုလုပ်ခဲ့သည်ဟု KNU က ယခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိုကဲ့သို့သောလူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူ ၁၉၇ ဦး ဖမ်းဆီးခြင်းခံခဲ့ရပြီး ၁၉၅ ဦးအသက်သေဆုံးခဲ့ရကာ ၆၆၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရသည့်အပြင် ဘုရား ကျောင်း ၁၈ ကျောင်း၊ ဘုန်းကြီးကျောင်း ၂၅ ကျောင်း၊ ဗလီ ၁ ကျောင်း၊ စာသင်ကျောင်း ၁၆ ကျောင်း၊ ဆေးပေး ခန်း ၂ လုံး၊ ဆေးရုံ ၅ လုံး၊ ပြည်သူပိုင်အဆောက်အအုံ ၉၁ လုံး၊ စိုက်ပျိုးခြံ ၁၁ ခြံ၊ အိမ် ၁,၈၆၉ လုံးထက်မနည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ခတ်မှုများအပြင် လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားလုပ်ရပ်များကိုလည်း လုပ်ဆောင်လာသည့်အတွက် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၇၅၁,၆၆၉ ဦးအထိရှိလာပြီဖြစ်သည်ဟု KNU က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – KNU
ပုံစာ – လက်နက်ကြီးထိမှန်မှုကြောင့် ညောင်လေးပင်ခရိုင်အတွင်းက ဒေသခံများနှင့် ပျက်စီးခဲ့ရသည့်နေအိမ်များ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticlePRCF ကရေးဆွဲသည့် အခြေခံဥပဒေမူကြမ်းသည် ၈ ပြည်နယ်မူမဟုတ်ဘဲ ထပ်တိုးပြည်နယ်များလည်းရှိလာနိုင်
Next Article မြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ပြောင်းရွှေ့ခံရ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.