• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်
  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ
  • ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန
  • အီရန်ထိပ်တန်းခေါင်းဆောင်ကိုသတ်မယ့် အစ္စ‌ရေးအစီအစဉ် ထရမ့် သဘောမတူ
  • ကျားဖြန့်လုပ်သား ၁၃၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း
  • ဖားကန့်ဒေသခံ နှစ်ဦးထပ်မံ ပစ်ခတ်ခံရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»မြေရှားသတ္တုစမ်းသပ်တူးဖော်ခြင်းကို ကန့်ကွက်သည့် ဆန္ဒပြဒေသခံပြည်သူများ မိုင်းခွဲဖြိုခွင်းခံရ
နေ့စဉ်သတင်း

မြေရှားသတ္တုစမ်းသပ်တူးဖော်ခြင်းကို ကန့်ကွက်သည့် ဆန္ဒပြဒေသခံပြည်သူများ မိုင်းခွဲဖြိုခွင်းခံရ

thanlwinkhetBy thanlwinkhetFebruary 15, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မြေရှားသတ္တုစမ်းသပ်တူးဖော်ခြင်းကို ကန့်ကွက်သည့် ဆန္ဒပြဒေသခံပြည်သူများ မိုင်းခွဲဖြိုခွင်းခံရ

**************

ထွယ်

ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄။

မြေရှားစမ်းသပ်တူးဖော်နေခြင်းကို ဆန္ဒပြ ကန့်ကွက်သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ် ဖရဲကျေးရွာဒေသခံပြည်သူများကို ကချင်လွတ်မြောက်ရေးတပ် KIA က မိုင်းဖြင့်ဖြိုခွင်းခဲ့ကာ ဒေသခံပြည်သူ ၄၀ ဦးခန့်ကိုလည်း ဖမ်းဆီးထားသည်ဟု ချီဖွေဒေသခံများထံက သိရသည်။

အဆိုပါဖြစ်စဉ်သည် ယခုလ ၉ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံများကို ဆွေးနွေးကြရန်ပြောဆိုသော်လည်း ဆက်လက်ဆန္ဒပြသဖြင့် အသံမိုင်းခွဲခဲ့ခြင်းဖြစ်သည်ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်ခက်ကို ပြောသည်။

“ငါလည်းအဲ့ဘက်ကို မေးတော့ သူတို့အင်အားပြကြတယ်၊ အခုလ ၅ ရက်နေ့ကနေ ၈ ရက်နေ့ထိ ၃ ရက် အင်အားပြကြတာ၊ ဒါကို သေချာဆွေးနွေးရအောင်လို့ပြောတာကို သူတို့ဆက်ပြီး အင်အားပြကြလို့ ကျည်မပါတဲ့အသံမိုင်းနဲ့ လူခွဲတာမျိုးလုပ်တယ်တဲ့။ အခုတော့ အားလုံးပုံမှန်ဖြစ်သွားပြီလို့ ပြောတယ်” ဟုပြောသည်။

ထို့နောက် ဆန္ဒပြ ဒေသခံပြည်သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းခြင်းမဟုတ်ဘဲ ဆွေးနွေးကြရန် ခေါ်ထားခြင်းသာဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ဖမ်းထားတာမဟုတ်ဘဲ ခေါ်ထားတာဖြစ်မှာပေါ့၊ ဆွေးနွေးကြဖို့အတွက် ခေါင်းဆောင်ပိုင်းထဲကသူကို ခေါ်ထားတာဖြစ်ပါလိမ့်မယ်။ အဲဒါကို ဖမ်းထားတယ်လို့ ပြောတာ ဖြစ်လိမ့်မယ်။ အရမ်းကြီး ပြင်းပြင်းထန်ထန်ဖြစ်တာတော့မရှိဘူး။ အခုတော့ အားလုံးပုံမှန်ဖြစ်သွားပြီလို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ် KIA က မြေရှားတူးဖော်မှုကို ဆန္ဒပြသည့် ဒေသခံပြည်သူများအပေါ် ယခုကဲ့သို့ ပြုမှုနေခြင်းကို ကချင်လူငယ်တို့အကြား သဘောထားကွဲလွဲမှုများရှိသည်။

လူငယ်အချို့က ကချင်ပြည်နယ်တွင် စစ်အာဏာရှင် အမြစ်ပြတ်ဖို့အရေး တိုက်ပွဲများပြင်းထန်စွာဖော်ဆောင်နေသည့်အတွက် လက်နက်နှင့်ကျည်ဖိုးများ လိုအပ်လျက်ရှိသောကြောင့် မြေရှားသတ္တုတူးဖော်ခြင်းကို ယနေ့နိုင်ငံရေးအခြေအနေကြောင့် ထောက်ခံသူများလည်း ရှိသည်။

သို့သော် မြေရှားသတ္တု တူးဖော်ခြင်းသည် ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးမြေကို ဆိုးဝါးစွာ ပျက်စီးစေသည့်အပြင် မြေရှားသတ္တုတူးဖော်ရန်ရောက်ရှိလာကြသူများနှင့် ဒေသတွင်းနေထိုင်သူများအကြား လူမှုရေးပြဿနာ ရှုပ်ထွေးစေသဖြင့် အုပ်ချုပ်ရေးယန္တရား၏ ခေါင်းဆောင်များကို ပြန်လည်သုံးသပ်စေလိုသည်ဟု ဝိုင်းမော်ဒေသခံ အသက် ၂၆ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။

“အစိုးရတစ်ရပ်လို့ သုံးနှုန်းမယ်ဆိုရင်တော့ မြေရှားသတ္တု လုပ်တာနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ အတတ်နိုင်ဆုံးတော့ ညှိပြီးလုပ်သင့်တယ်ထင်တယ်။ တိုင်းပြည်အတွက် လိုအပ်တယ်ဆိုလည်း များသောအားဖြင့် စီးပွားရေးလုပ်တယ်ဆိုရင် အခွန်က နှစ်ဘက်စလုံးကို ဆောင်ရပြီးသားပဲ ဟုတ်တယ်။ တစ်ခုလိုချင်လို့ တစ်ခုရင်းနှီးရမယ်ဆိုရပေမယ့် ဖြစ်ချင်ရာဖြစ်ဆိုပြီး လုပ်ချလိုက်လို့မရဘူးလေ policy တွေက ဟုတ်မနေဘူး။ ချီဖွေတကြော မြေရှား ထုတ်တာက ပြောရမယ်ဆို နှစ်ရှည်ခြံအကုန်ပျက်စီးတာပဲ၊ မြေဩဇာတွေလည်း ပျက်စီးတယ်။ နောက်အိမ်ပြိုမှ တိုက်ကြီးဖြစ်မယ့်အရေးတော့ ကျွန်တော်မကြိုက်ဘူး” ဟုပြောသည်။

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်နှင့် ပန်ဝါဒေသများတွင် မြေရှားသတ္တုကို တူးဖော်ကြပြီး တရုတ်သို့ တင်ပို့လေ့ရှိသည်။ အဆိုပါဒေသများ၌ လုပ်ကွက်ပေါင်း ၃၀၀ ကျော်ရှိပြီး အဆိုပါ နေရာများတွင် အားပြင်းအက်စစ်သတ္တုရည် ကန်ပေါင်း ၂၇၀၀ ကျော်တွေ့ရသည်ဟု ကမ္ဘာတွင် သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေသည့် အမေရိကန်နှင့် ဗြိတိန်အခြေစိုက် Global Witness အဖွဲ့၏ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက် နေ့ထုတ် အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံကနေ တရုတ်သို့ တင်သွင်းခဲ့သည့် မြေရှားသတ္တုတန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၉၀၀ ခန့် ရှိခဲ့သည်ဟု တရုတ်အကောက်အခွန်ဌာန၏ စာရင်းများအရ သိရသည်။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3385

YouTube – > https://youtu.be/eEaLA1Cu5r0

Website – >  https://thanlwinkhet.net/?p=7730

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ပြောင်းရွှေ့ခံရ
Next Article ဗီဇာရရန် ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင် လူပေါင်း ၁,၀၀၀ ကျော် တန်းစီစောင့်ဆိုင်း
thanlwinkhet
  • Website

Related Posts

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

June 18, 2025

ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

June 18, 2025

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ

June 18, 2025

Leave A Reply Cancel Reply

Recent Posts

  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်
  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ
  • ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ

ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

June 18, 2025

ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

June 18, 2025

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ

June 18, 2025

ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး

June 17, 2025

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန

June 17, 2025

အီရန်ထိပ်တန်းခေါင်းဆောင်ကိုသတ်မယ့် အစ္စ‌ရေးအစီအစဉ် ထရမ့် သဘောမတူ

June 17, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.