ယမင်းဖူးပွင့်အောင် ဇွန် ၁၊ ၂၀၂၃။ စစ်ကောင်စီထိန်းချုပ်မှုအောက် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် ရခိုင်ပြည်နယ်က ကျောင်းများတွင်စာသင်ကြားနိုင်ခြင်းမရှိသေးဟု ဒေသခံများနှင့်ကျောင်းသားမိဘများထံက သိရသည်။ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများကို ပြန်လည် မပြုပြင်နိုင်သေးခင် ဖွင့်လှစ်ခဲ့သည့်အတွက်စာသင်ကြားမည့် နေရာအခက်အခဲရှိနေခြင်းဖြစ်သည်ဟု မြောက်ဦးဒေသခံ ကိုခိုင်မင်းချေက သံလွင်ခက်ကိုပြောသည်။ “ကလေးတွေ နေဖို့နေရာမရှိဘူးလေ။ နေပူထဲ စာထိုင်သင်ဖို့အဆင်မပြေဘူး။ စာသင်ကျောင်းတွေ…