• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ခိုင်ကမ်းမြို့ ၉ မိုင်ဂိတ်ကို ကာကွယ်ရေးတပ်များတိုက်ခိုက်နေ
တိုက်ပွဲသတင်း

ခိုင်ကမ်းမြို့ ၉ မိုင်ဂိတ်ကို ကာကွယ်ရေးတပ်များတိုက်ခိုက်နေ

thanlwinkhetBy thanlwinkhetFebruary 26, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ခိုင်ကမ်းမြို့ ၉ မိုင်ဂိတ်ကို ကာကွယ်ရေးတပ်များတိုက်ခိုက်နေ

*******************

ထွယ်

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ၉ မိုင်ဂိတ်စခန်းကို ယနေ့နံနက် ၄ နာရီခန့်ကစတင်ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက် လျက်ရှိသည်ဟု CDF Civic Defense Militia -CDM – Siyin ၏ ပြောရေးဆိုခွင့်ရှိသူထံက သိရသည်။

၎င်းက “ခိုင်ကမ်းမှာထိုင်တဲ့ ခိုင်ကမ်းရဲစခန်းကို တိုက်တာပါ။ အခုဖြစ်နေတုန်းပဲ” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားနေစဉ် ယနေ့နံနက် ၇ နာရီခန့်က တိုက်လေယာဉ်ဖြင့် ခိုင်ကမ်းမြို့ပေါ်တွင် လှည့်လည်ဝဲပျံကာ မြို့မြောက်ဘက်ကိုပစ်ခတ်သွားသည်ဟု ခိုင်ကမ်းဒေသခံ အမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည်။

“မနက်က လေယာဉ် ၇ ကြိမ်လောက် ဝဲသွားတယ်။ လက်နက်ကြီးလည်း ခိုင်ကမ်းမြို့မြောက်ဘက်က မြောင်းထဲ ကိုကျတာရှိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိနေပြီး လတ်တလောတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံး ထားကြောင်း သိရသည်ဟု ခိုင်ကမ်းဒေသခံအမျိုးသားက ပြောသည်။

ခိုင်ကမ်းမြို့သည် ကလေးမြို့နှင့် ၉ မိုင်ခန့်အကွာတွင်တည်ရှိပြီး မြန်မာနိုင်ငံအနောက်ဘက်ရှိ ကလေးမြို့နယ်မှ ချင်းတောင်တန်းသို့ တက်မည့် လမ်းဆုံ၊ လမ်းခွတွင် တည်ရှိသည်။

အဆိုပါ ခိုင်ကမ်းမြို့သည် ယခင် ၂၀၁၄ သန်းခေါင်စာရင်းအရ တီးတိန်မြို့နယ်၊ ထေးဇန်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး ၂၀၁၆ ခုနှစ်တွင် ခိုင်ကမ်းမြို့အဖြစ် သတ်မှတ်ခံခဲ့ရပြီး အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိသည့် မြို့ဖြစ်သည်။

ကလေးမြို့အနောက်ဘက် ချင်းပြည်နယ်စပ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ခိုင်ကမ်းမြို့ဒေသခံအချို့ နေအိမ်မှထွက်ပြေးတိမ်းရှောင်နေသည်မှာ ၁ ပတ်ခန့်ရှိနေပြီဖြစ်ပြီး အချို့မှာ ယနေ့နံနက်က တိမ်းရှောင်ခဲ့ကြ သည်ဟု ဒေသခံများထံက သိရသည်။

ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း ကလေးမြို့နယ်နှင့် ချင်းပြည်နယ်စပ်ရှိ စစ် ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များတပ်စွဲထားသောကျေးရွာဟု သတင်းထွက်နေသည့် ကလေးမြို့ အနောက်ဘက်ပိုင်းရှိ စက္ကန့်ကျေးရွာကိုလည်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားနိုင်ပြီဟု သိရသည်။

အဆိုပါ စက္ကန့်ကျေးရွာတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF ၏ ရဲဘော် ၁ ဦး မိုင်းရှင်းလင်းရေး ပြုလုပ်စဉ် ကျဆုံးခဲ့ရပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင်လည်း တိုက်ပွဲစစ်ဆင်ရေးတစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်း သွားလာစဉ် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ၏ ဒုစစ်ဦးစီးချုပ်နှင့် ရဲဘော် ၂ ဦး ကလေးမြို့နယ်၊ မန်တော်ကျေးရွာအနီး၌ ခြုံခိုတိုက်ခိုက်ခံရကာ ကျဆုံးခဲ့သည်။

၂ ရက်အတွင်း ကလေးမြို့ကို စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် ကလေးသူငယ်အပါအဝင် အရပ်သား ပြည်သူ ၅ ဦး လက်နက်ကြီးကျည်ထိမှန်မှုကြောင့်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိသည်ဟု ဒေသခံများ ထံက သိရသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် ကလေးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့တွင်းပိုင်းရပ်ကွက်များက ဒေသခံများလည်း ထွက် ပြေးတိမ်းရှောင်နေရပြီး အချို့မှာ နေအိမ်တွင်းပိတ်မိနေကြသည်ဟုလည်း ကလေးမြို့ ဒေသခံများက သံလွင်ခက်ကို ပြောသည်။

ဓာတ်ပုံ – Zalen။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3536

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7936

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleနှစ် ၃၀ နီးပါးတပ်စွဲထားသည့်ဗျူဟာစခန်းအား စစ်ကောင်စီတပ်စွန့်ခွာထွက်ပြေး
Next Article ကြံ့/ဖွံ့ဥက္ကဋ္ဌ ဒေါက်တာမှုထန်၏နေအိမ်ကို ပြည်သူပိုင်သိမ်း
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.