• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး
  • ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်
  • ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော
  • KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား
  • မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ
  • အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ
  • TNLA ထိန်းချုပ်နယ်မြေများတွင် သုံးပတ်အတွင်း ဗုံး ၃၅ ကြိမ် ကြဲခံရ
  • ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ အလုပ်လက်မဲ့ ဖြစ်နေ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»စစ်ကား ၁၇ စီးပါ ယာဉ်တန်း ကျောက်မဲတောင်စခန်းသို့ ၃ စီးသာရောက်ရှိ
တိုက်ပွဲသတင်း

စစ်ကား ၁၇ စီးပါ ယာဉ်တန်း ကျောက်မဲတောင်စခန်းသို့ ၃ စီးသာရောက်ရှိ

thanlwinkhetBy thanlwinkhetFebruary 24, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ကား ၁၇ စီးပါ ယာဉ်တန်း ကျောက်မဲတောင်စခန်းသို့ ၃ စီးသာရောက်ရှိ

*********************************

သဇင်

ဖေဖော်ဝါရီ ၂၄၊၂၀၂၃။

တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ် အရှေ့တောဒေသကို တပ်အင်အား ၃၀၀ ကျော်၊ စစ်ကား ၁၇ စီးဖြင့် စစ်ကြောင်းထိုးလာသည့်စစ်ယာဥ်တန်းသည် ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခံရမှုကြောင့် ကျောက် မဲတောင်စခန်းသို့ ၃ စီးသာရောက်ရှိနိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရသိရသည်။

အဆိုပါစစ်ယာဉ်တန်းသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်ကစ၍  ထားဝယ်အရှေ့တောဒေသဖြစ်သည့် သင်္ကန်း တုန်းရွာကို စတင်စစ်ကြောင်းထိုးလာခဲ့ရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် – KNLA အပါအဝင် PDF ပူးပေါင်းတပ်များနှင့် ယနေ့အထိ ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။

အချိန်တစ်ပတ်ကျော်ကြာဖြစ်ပွားနေသည့် ယင်းတိုက်ပွဲများအတွင်း အဆိုပါယာဉ်တန်းပါ စစ်ကောင်စီတပ်၏ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းပို့ဆောင်ရေးကားများကို   ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့ ပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျောက်မဲတောင်နယ်မြေရဲစခန်းသို့ ၃ စီးသာ ရောက်ရှိနိုင်ခဲ့သည်ဟု ထားဝယ်အရှေ့ တောနယ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကဆိုသည်။

“ကျွန်တော်တို့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေက သင်္ကန်းတုန်းရွာနဲ့ ဝကုန်း-ကျောက်မဲတောင်ကြား ၂၅ မိုင်လို့ခေါ်တဲ့ နေရာမှာဖြစ်တာ၊ တောက်လျှောက်ပဲ။ ဖေဖော်ဝါရီလ ၁၉ နဲ့ ၂၁ မှာ စစ်ကားတွေကို ကျွန်တော်တို့ဖျက်ဆီးနိုင် ခဲ့တယ်။၂ ၃ရက်နေ့ရောက်တော့ ကျောက်မဲတောင်ကို စစ်ကား ၃ စီးပဲ ရောက်လာတော့တယ်လို့ ကျွန်တော်တို့ သိရပါတယ်။ ခုနေ့မှာလည်း ကျောက်မဲတောင်မှာ တိုက်ပွဲတွေဆက်ပြီးဖြစ်နေတုန်းပဲ”ဟုဆိုသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးကျော်သေဆုံးပြီး လက်နက်၊အကြီးအငယ် ၃၄ လက် သိမ်း ဆည်းရမိကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်ဘက်က ၇ ဦးသေဆုံးခဲ့သည်ဟု တော်လှန်ရေးရဲဘော်များ က အတည်ပြုပြောဆိုသည်။

ရှေ့တန်းရောက်ရဲဘော် ၁ ဦးက” ၁၉ရက်နေ့က ကျွန်တော်တို့ရဲဘော်ဘက်က ၁ ယောက်ကျတယ်။၂၁ ရက်နေ့ တစ်နေ့တည်းကို ၆ ယောက်ကျတယ်။ အဲ့နေ့မှာကျသွားတဲ့ ၁ ယောက်က ကျွန်တော့ဘေးနားကပါပဲ”ဟုဆိုသည်။

ယင်းအပြင် ဖေဖော်ဝါရီလ၂၂ ရက်တွင် စစ်ကောင်စီက Mi 2 အမျိုးအစားရဟတ်ယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားရာ ၂၅ မိုင်အနီးတွင် ဗုံး ၁၀ လုံးထက်မနည်းကို ၂ ကြိမ်လာရောက်ကြဲချခဲ့သလို ဖေဖော်ဝါရီလ ၂၃ ရက်တွင်လည်း ဗုံး ၈ လုံး လာရောက်ကြဲချခဲ့သေးသည်ဟု သိရသည်။

နှစ်ဖက်ထိတွေ့‌တိုက်ပွဲများအပြင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့်  ဝကုန်း၊ သင်္ကန်းတုန်း၊ ကျောက် မဲတောင်အနီးရှိ ကျေးရွာ ၁၀ ရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိတွင် ထားဝယ်အရှေ့တောဒေသရှိ မေတ္တာမြို့ရဲစခန်းနှင့် ဟိန္ဒားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက မီးရှို့လိုက်သည်ဟု တနင်္သာရီတိုင်းအခြေစိုက်သတင်းမီဒီယာများတွင် ဖော်ပြနေကြ သော်လည်း သံလွင်ခက် က သီးခြားအတည်မပြုနိုင်သေးပါ။

တနင်္သာရီတိုင်းအခြေပြု သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi ၏ အစီရင်ခံစာအရ အာဏာသိမ်းကာလ အတွင်း တနင်္သာရီတိုင်းတွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ၄၄,၀၀၀ ကျော် ရှိသည်ဟုသိရသည်။

ပုံစာ-တိုက်ခိုက်ဖျက်ဆီးခံရသည့် စစ်ယာဉ်တန်းမြင်ကွင်း။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3506

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7910

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတိုက်ပွဲဖြစ်ပွားနေသည့် ဆင်ဘိုမြို့အနီးကို စစ်ကောင်စီကလေကြောင်းပစ်ခတ်
Next Article ဟိုပုံးတိုက်ပွဲ ဗိုလ်မှုးနှင့်ဗိုလ်ကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး
thanlwinkhet
  • Website

Related Posts

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

October 24, 2025

မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

October 23, 2025

အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ

October 23, 2025

Leave A Reply Cancel Reply

Recent Posts

  • မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး
  • ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်
  • ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော
  • KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား
  • မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော

KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မောင်တော ဒေသခံ ၃ ဦးကို အာဆာထပ်မံ ဖမ်းဆီး

October 24, 2025

ရခိုင်တွင် ဒေသထွက် အုန်းသီးဈေး နှစ်ဆမြင့်တက်

October 24, 2025

ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများကို စီစစ်၍ အရေးယူမည်ဟု ထိုင်းအာဏာပိုင်များ ပြော

October 24, 2025

KK Park မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ယာယီစခန်း ၄ ခုတွင် နေထိုင်ခွင့်ပြုထား

October 23, 2025

မောင်တောတွင် ARSA အဖွဲ့ ပစ်သတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရ

October 23, 2025

အာဆီယံထိပ်သီး အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် မရ

October 23, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.