၂ ပတ်ဖြင့်သင်တန်းဆင်းလာသည့်တပ်သားသစ်များနှင့် စစ်ကြောင်းထိုးလာပြီး ရွာလုံးကျွတ်မီးရှို့
*********************
သဇင်
ဖေဖော်ဝါရီလ ၂၆၊ ၂၀၂၄။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်၏ ၂ ပတ်ဖြင့်သင်တန်းဆင်းလာသည့် တပ် သားသစ်များအပါအဝင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသောကြောင့် အင်အားမမျှသည့်အတွက် ကာကွယ်ရေးတပ်များက နောက်ဆုတ်ပေးလိုက်ရသည်ဟုသိရသည်။
စေတုတ္တရာမြို့နယ်မှထွက်ခွာလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့ သော်လည်း လက်နက်ခဲယမ်းအခက်အခဲများကြောင့် နောက်ဆုတ်ပေးလိုက်ရချိန်တွင် ၎င်းစစ်ကြောင်းက ယမန် နေ့တွင် လုံးကြီးရွာကိုရွာလုံးကျွတ်မီးရှို့ဖျက်ဆီးကာ အောင်ပွဲခံခဲ့သည်ဟု သိရသည်။
မင်းဘူးခရိုင်တပ်ရင်း ၃ တာဝန်ရှိသူ ၁ ဦးက “သူတို့ဘက်က ကျွန်တော်တို့ကို ခဏခဏစစ်ကြောင်းထိုးတယ်။ အခုကတော့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတဲ့ အနေအထားပေါ့။ ကျွန်တော်တို့လည်း တတ်နိုင်သ လောက် ရှိတဲ့လက်နက်နဲ့ခုခံတယ်။ အဲချိန်မှာ သူတို့က အင်အားအဆမတန်သာလွန်းတော့ နောက်ဆုတ်ပေးခဲ့ရ တယ်။ ကျွန်တော်တို့ရဲ့ လုံးကြီးရွာကတော့ ရွာလုံးကျွတ်ဖျက်ဆီးခံလိုက်ရတယ်” ဟု ဆိုသည်။
အဆိုပါ စစ်ကြောင်းတွင် ကပစ – ၂၀ တပ်သားများ၊ စေတုတ္တရာမြို့နယ်ရှိ မြို့မရဲစခန်းက ရဲများ၊ ကြီးဝရဲစခန်းက ရဲ များ၊ ကင်မွန်းခြုံဂိတ်စခန်းက စစ်ကောင်စီတပ်သားများ၊ စေတုတ္တရာမြို့နယ်က ၂ ပတ်တည်းဖြင့် သင်တန်းဆင်း ထားသော တပ်သားသစ်များပါဝင်သည် ဟု သိရသည်။
ယင်းစစ်ကြောင်းသည် စေတုတ္တရာမြို့နယ်မှလုံးကြီးကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး ဖေဖော်ဝါရီ ၂၅ ရက်တွင် မနက် ၉နာရီခန့်ကစ၍ နေ့လယ် ၁ နာရီအထိ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ၄ နာရီ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လယ် ၂ နာရီခန့်တွင် အိမ်ခြေ ၁၀၀ ကျော်ရှိသည့် လုံးကြီးရွာအား ရွားလုံးကျွတ်မီးရှို့ခဲ့ ခြင်းဖြစ်သည်။
မနေ့ကဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းသေဆုံးခဲ့သည်ဟုလည်း သိရသည်။
လက်ရှိတွင် ယင်းစစ်ကောင်စီစစ်ကြောင်းသည် လက်ပံရွာတွင်တပ်စွဲထားပြီး အင်းအားထပ်မံဖြည့်တင်းနေကာ နောက်ထပ်ထိုးစစ်ဆင်နိုင်ဖွယ်အနေအထားရှိသည်ဟု မင်းဘူးခရိုင်တပ်ရင်း ၃ ၏ တာဝန်ရှိသူ ၁ ဦးက ပြောသည်။
စစ်ကောင်စီသည် ယခုလ ၁၀ ရက်တွင် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ၎င်းတို့ထိန်း ချုပ်ထားရာ ကျေးရွာများတွင် တပ်သားသစ်များစုဆောင်းခြင်းနှင့် ရက်တိုသင်တန်းများပေး၍ အင်အားဖြည့်တင်းမှု များ ဆက်တိုက်ပြုလုပ်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ထိုသို့ စစ်ကောင်စီက တပ်သားသစ်စုဆောင်းသင်တန်းပေးနေမှုအပေါ် မတက်ရောက်လိုသည့် လူငယ်တချို့ လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံ ချိတ်ဆက်ဝင်ရောက်မှုများရှိလာသောကြောင့် အင်းအားတိုးပွားမှုများရှိနေ သော်လည်း လက်နက်ခဲယမ်းအခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူ ကိုနွေဦး – မြောင် ကပြောသည်။
ဓာတ်ပုံ – ပေးပို့။
ပုံစာ – ဖေဖော်ဝါရီလ ၂၅ ရက်တွင် မီးရှို့ဖျက်ဆီးခံရသည့် လုံးကြီးရွာမြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3534
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7929