• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ဘားအံ – မြဝတီအာရှလမ်းနှင့် ကော့ကရိတ်မြို့ပေါ် ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်များထိန်းချုပ်ထား
တိုက်ပွဲသတင်း

ဘားအံ – မြဝတီအာရှလမ်းနှင့် ကော့ကရိတ်မြို့ပေါ် ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်များထိန်းချုပ်ထား

thanlwinkhetBy thanlwinkhetFebruary 26, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘားအံ – မြဝတီအာရှလမ်းနှင့် ကော့ကရိတ်မြို့ပေါ် ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်များထိန်းချုပ်ထား

*************************************

နန်းဆုပန်ခန့်

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄။

KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်သည့် ဘားအံ – မြဝတီအာရှလမ်းနှင့် ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီ ၏အထိုင်စခန်းနှင့် ဂိတ်စခန်းတချို့ကို တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်နိုင်ခဲ့ပြီး ယခုအချိန်တွင် ၆၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီဖြစ်သည်ဟု တောင်ပိုင်းစစ်ဒေသ၏ လူမှုကွန်ရက်စာမျက်နှာကတဆင့် ယနေ့ ဖေဖော်ဝါ ရီ ၂၆ ရက် တွင် ထုတ်ပြန်ကြေညာထားသည်။

လွန်ခဲ့သည့် ၂ လ ကျော် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်ကစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ပူးပေါင်းတပ်များက ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲခဲ့ပြီး စစ်ကောင်စီ၏အထိုင်စခန်းများနှင့် ဂိတ်စခန်း စုစုပေါင်း ၉ ခုကို သိမ်းယူနိုင်ခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ဒီဇင်ဘာလ  ၁ ရက်တွင် ကော့ကရိတ်တောင်ဘက်ခြမ်းရှိ ကော့နွယ်စခန်းကုန်း၊ လှိုင်ဝတံတားဂိတ် နှင့် ကြာပန်းဂိတ်ကိုလည်းကောင်း ၊ ဒီဇင်ဘာလ ၄ ရက်တွင် ကော့ကရိတ်မြောက်ဘက်ခြမ်းရှိ စစ်ကောင်စီအထိုင်ချတပ်စွဲ ထားသည့် အမှတ် ၃ ဂိတ်ကိုလည်းကောင်း၊ ဒီဇင်ဘာလ ၆ ရက်တွင် ဘားအံ – မြဝတီ အာရှလမ်းပေါ်ရှိ ကမိုင်ကုန်း သင်္ချိုင်းကုန်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီအထိုင်စခန်းကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ကော့ကရိတ်မြို့၊ ချောင်းတောင်ရပ်ကွက်ရှိ စာသင်ကျောင်းအတွင်းတပ်စွဲထားသည့်  စစ်ကောင်စီတပ်ကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၈ ရက်တွင် တောင်ကြာအင်းရဲစခန်း၊ ဖေဖော်ဝါရီလ ၂ ရက်တွင် ဘားအံ – မြဝတီလမ်း အာရှလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီ၏အထိုင်စခန်းများဖြစ်သော ရေကူးကန် နှင့် ဆီဆိုင်ဂိတ် စခန်းတို့ကိုလည်းကောင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၃၀ ဦးသေဆုံး၍ ဒဏ်ရာရရှိသူအများအပြားရှိခဲ့ကာ လက်နက်ချ အညံ့ခံသူ ၁၄ ဦးနှင့် လက်နက်ကြီးငယ် ၄၆ လက်သိမ်းပိုက်ရရှိခဲ့သည်။

ကာကွယ်ရေးတပ်ဘက်ကလည်း ရဲဘော် ၇ ဦး ကျဆုံးခဲ့ပြီး လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ကော့ကရိတ်မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်နေသည့် အတွက် မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု ကျားဖြူစစ်ကြောင်းမှူးက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်ကဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ကျားဖြူစစ်ကြောင်း တပ်ခွဲ ၁ က ရဲဘော်စိုးမင်းနှင့် တောင်ပိုင်းတိုင်း ဗျူဟာ ၁ စစ်ကြောင်းက ရဲဘော် မြောင်းမြ တို့ကျဆုံးခဲ့ကြောင်း ၎င်းတို့နှင့်အတူ သင်တန်းတက် ခဲ့သည့် ရဲဘော် ၁ ဦး က သံလွင်ခက်ကို အတည်ပြုပြောကြားသည်။

ကော့ကရိတ်တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်းများနှင့် လေကြောင်းအသုံးပြုကာ နေ့စဥ် ပစ်ခတ်လျက်ရှိနေပြီး နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့သလို ဒေသခံပြည်သူသောင်းနှင့်ချီ ထွက်ပြေးတိမ်း ရှောင်နေကြရသည်။

ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F။

ပုံစာ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ၏ အပတ်စဉ် ၅ သင်တန်းဆင်းပွဲမြင်ကွင်း။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3533

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7926

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြန်မာစစ်ဘေးရှောင်များအတွက်အကူအညီများ မတ်လဆန်းတွင်စတင်နိုင်မည်ဟု ထိုင်းနိုင်ငံမျှော်လင့်
Next Article ၂ ပတ်ဖြင့်သင်တန်းဆင်းလာသည့်တပ်သားသစ်များနှင့် စစ်ကြောင်းထိုးလာပြီး ရွာလုံးကျွတ်မီးရှို့
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.