• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»နှစ် ၃၀ နီးပါးတပ်စွဲထားသည့်ဗျူဟာစခန်းအား စစ်ကောင်စီတပ်စွန့်ခွာထွက်ပြေး
တိုက်ပွဲသတင်း

နှစ် ၃၀ နီးပါးတပ်စွဲထားသည့်ဗျူဟာစခန်းအား စစ်ကောင်စီတပ်စွန့်ခွာထွက်ပြေး

thanlwinkhetBy thanlwinkhetFebruary 26, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

နှစ် ၃၀ နီးပါးတပ်စွဲထားသည့်ဗျူဟာစခန်းအား စစ်ကောင်စီတပ်စွန့်ခွာထွက်ပြေး

**********************************

နန်းဆုပန်ခန့်

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄။

ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅၊ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ယယ်မူပလော ကျေးရွာအုပ်စု အတွင်းရှိ ခမရ – ၃၄၉ အခြေချရာ ဗျူဟာစခန်းဖြစ်သည့် မော်ဖူး (ရိုးစလင်းတပ်စခန်း) အား စစ်ကောင်စီတပ်သား များကစွန့်ခွာပြီး ထွက်ပြေးသွားကြောင်း တော်လှန်ရေးလူမှုကွန်ရက်စာမျက်နှာက ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

၁၉၉၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ကေအဲန်ယူ-ဗဟိုဌာနချုပ်ဖြစ်သည့် မာနယ်ပ‌လောကို မြန်မာစစ်တပ်က သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ထပ် ၂ နှစ်အကြာ ၁၉၉၇ ခုနှစ်ကစ၍ ၂၀၂၄ ခုနှစ်အထိ ၂၇ နှစ်ကြာ အဆိုပါ တပ်စခန်း တွင် မြန်မာစစ်တပ်က ဝင်ရောက်တပ်စွဲထားနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းတပ်စခန်းကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA က ဦး ဆောင်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု Force for Federal Democracy – FFD က ယနေ့တွင် ထုတ်ပြန်ဖော်ပြ သည်။

တပ်မဟာ ၅ နယ်မြေအတွင်းရှိ မော်ဖူးတပ်စခန်းအား ဖေဖော်ဝါရီလ ၁၇ ရက်ကစတင်၍ ၂၄ ရက်အထိ FFD Drone တပ်ဖွဲ့က ဗုံးသီးအလုံးပေါင်း ၄၀ ကျော်ကြဲချခဲ့သလို KNLA တပ်ဖွဲ့ကလည်း စနိုက်ပါဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၀ ရက်၊ နံနက် ၆ နာရီအချိန်တွင် လယ်ကလေးကျိုးရှိ ခမရ – ၃၄၉ သည် ၎င်း တို့၏တပ်စခန်းအားစွန့်ခွာကာ ကျူလူတွင်တပ်စွဲထားသည့်တပ်ဖွဲ့များနှင့် ပြန်လည်ပူးပေါင်းခဲ့သည်။

ထို့နောက် ဖေဖေါ်ဝါရီလ ၁၁ ရက်၊ နံနက် ၆ နာရီအချိန်တွင် ကျူလူစခန်းအားထပ်မံစွန့်ခွာကာ ယခု ဖေဖော်ဝါရီလ ၂၄ ရက်ကသိမ်းပိုက်နိုင်ခဲ့သည့် မော်ဖူးဗျူဟာစခန်းသို့ ထပ်မံ၍ပူးပေါင်းခဲ့သည်။

ယခုတဖန် စစ်ကောင်စီတပ်၏ ခမရ – ၃၄၉ တပ်သားများသည်  မော်ဖူးတပ်စခန်းမှ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဖလပ်ခို ကျေးရွာအုပ်စုအတွင်းရှိ ကူခိုတပ်စခန်းသို့ နောက်တဆင့် ထပ်မံဆုတ်ခွာသွားခဲ့သည်ဟု မူတြော်သတင်း ၏ ထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ – Force for Federal Democracy

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3535

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7932

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Article၂ ပတ်ဖြင့်သင်တန်းဆင်းလာသည့်တပ်သားသစ်များနှင့် စစ်ကြောင်းထိုးလာပြီး ရွာလုံးကျွတ်မီးရှို့
Next Article ခိုင်ကမ်းမြို့ ၉ မိုင်ဂိတ်ကို ကာကွယ်ရေးတပ်များတိုက်ခိုက်နေ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.