Browsing: ပြည်တွင်းသတင်း

Loading

ယမင်းဖူးပွင့်အောင် မေ ၄၊ ၂၀၂၃။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်ကာဒေသခံနေအိမ်များကို မီးရှို့ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ စဉ့်ကူးမြို့နယ် ကြက်တူရွေးကျေးရွာရှိ ပျူစောထီး ခေါင်းဆောင်တစ်ဦး၏ နေအိမ်မီးရှို့ခံခဲ့ရသည့်အတွက်  စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါ ကျေးရွာကို ယနေ့နံနက် ငါးနာရီခန့်တွင် ဝင်ရောက်၍ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟုကင်းထောက် မြေပြင်သတင်း၏ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။…

Read More

Loading

သဇင် မေ ၄၊၂၀၂၃။ ကရင်ပြည်နယ် ၊မြဝတီမြို့ စစ်ကောင်စီ ထိန်းချုပ်ရာ မြဝတီကုန်သွယ်ရေးဇုန်အတွင်း ဂိတ် ၄ ခုဖွင့်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်ကြေးကောက်ခံမှုများ လုပ်ဆောင် နေသည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။ ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့တွင် မြဝတီကုန်သွယ်ရေးဇုန်တွင် တိုက်ပွဲဖြစ်ပွားမှုအပြီးတွင် ယခုလို ငွေကြေးကောက်ခံမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်ဟု မြဝတီမြို့နေ…

Read More

Loading

သံလွင်ခက် မေ ၄ ၊ ၂၀၂၃ ။ မြန်မာငွေ ၈ ဒဿမ ၈၈၂ ဘီလီယံ (ကျပ်သိန်းပေါင်း ၉၀၀၀၀ နီးပါး) တန်ဖိုးရှိ မြန်မာငွေနှင့် တရုတ်ငွေများအားဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနှင့် လူသတ်မှု ကျူးလွန်ခဲ့သူ မြန်မာနိုင်ငံဖွား တရုတ်လူမျိုး လေးဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA) က…

Read More

Loading

ကောင်းချစ်အောင် မေ ၃ ၊ ၂၀၂၃ ။ အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခြင်းခံထားရသည့် အကျဉ်းသား/သူ (၃၈) ဦးကို သေဒဏ်ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုပြီး ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေလိုက်ကြောင်း စစ်ကောင်စီက ယနေ့တွင်ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် အကျဉ်းထောင်အသီးသီးတွင်သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား/သူ(၃၈)…

Read More

Loading

သံလွင်ခက်။ မေ ၃၊ ၂၀၂၃။ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ၅၀၅ (က) ဥပဒေဖြင့် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအချို့ကို ယနေ့ မေလ ၃ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ပြီးနောက် အင်းစိန်ထောင်တွင် အကျဉ်းချခံထားရသည့် သတင်းသမားများထဲမှ သုံးဦး ပြန်လည်လွတ်မြောက်လာသည်ဟု ၎င်းတို့နှင့်…

Read More

Loading

သံလွင်ခက် မေ ၃၊ ၂၀၂၃ ။ ကရင်အမျိုးသားအစည်းအရုံး KNU၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးမှ ထိပ်ပိုင်းခေါင်းဆောင်၅ နေရာအား ယနေ့တွင်အပြီးသတ်ရွေးချယ်တင်မြှောက်နိုင်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်တွင်စတင်ကျင်းပခဲ့သော KNU ၁၇ ကြိမ်မြောက်ကွန်ဂရက်တွင် ယမန်နေ့၌ ဥက္ကဋ္ဌနေရာအားရွေးချယ်နိုင်ခဲ့ပြီး ယနေ့တွင် ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊…

Read More

Loading

ကောင်းချစ်အောင် မေ ၃၊ ၂၀၂၃။ တရုတ််နိုင်ငံခြားရေး၀န်ကြီး မစ္စတာချင်ကန်း Qin Gang မြန်မာနိုင်ငံသို့လာရောက်ခြင်းသည်  တရုတ်နိုင်ငံအနေဖြင့်နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ကြောင်း ပြသနေခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောကြောင်း စစ်ကောင်စီ၏မြန်မာ့အလင်း သတင်းစာ၌ဖော်ပြထားသည်။ ယမန်‌နေ့က နေပြည်တော်သို့ ရောက်ရှိလာခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ထိုနေ့ ညနေပိုင်းတွင်အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံခြားရေးခရီးစဥ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်ကဖော်ပြထားရာတွင် နှစ်နိုင်ငံသံတမာန်ဆက်ဆံရေးတိုးမြှင့်မှု၊…

Read More

Loading

ယမင်းဖူးပွင့်အောင် မေ ၃၊ ၂၀၂၃။ စစ်ကိုင်းတိုင်းရှိ  မြို့နယ်အချို့တွင် အချိန်အခါမဟုတ်မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရာသီဥတုအခြေအနေကြောင့်စစ်ဘေးရှောင်ပြည်သူများ အခက်အခဲကြုံနေရသည်ဟု ဒေသခံများထံက သိရသည်။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရန် အခက်အခဲရှိပြီး ရာသီဥတုအကူးအပြောင်းကြောင့်လည်းကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နေသည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ ဆားလင်းကြီးမြို့နယ်တွင်…

Read More

Loading

Saw Smith မေ ၂ ၊ ၂၀၂၃ ။ အွန်လိုင်းမဲစနစ်မှားယွင်းမှုရှိသည်ဟူသော သတင်းစကားများကြောင့် ယာယီရပ်နားထားခဲ့သည့် ၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကွန်ဂရက်ကို ယမန်နေ့က ပြန်လည် ကျင်းပနေခဲ့ရာ ယနေ့တွင် ဥက္ကဋ္ဌသစ်ကို ရွေးချယ်တင်မြောက်နိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါ ပြန်လည် ကျင်းပနေသည့် နှစ်ရက်အတွင်း၌…

Read More

Loading

သဇင် မေ ၂ ၊ ၂၀၂၃ ။ ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း၌  အမျိုးသမီးနှင့် ကလေးများအပါအဝင် ပြည်သူ၄၀ ဦးခန့်ကို စစ်ကောင်စီတပ်များက ယခုရက်ပိုင်းအတွင်း၌ ဆက်တိုက်ဖမ်းဆီးနေသည်ဟု ဒေသခံများထံမှ သိရသည်။ ယမန့်‌နေ့ ညဦးပိုင်းတွင် ဝေါမြို့နယ်(ချောင်းကျိုး လေးအိမ်စု)ကျေးရွာရှိ လူငယ် (၆)ဦး‌အား စစ်ကောင်စီတပ်သားနှင့်နယ်မြေခံ ရဲများကအကြောင်းပြချက် တစ်စုံတစ်ရာ‌ပေးခြင်းမရှိဘဲ…

Read More