• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • စစ်တွေ စစ်ဘေးရှောင်များ စားဝတ်နေရေး ကြပ်တည်းနေ
  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်
  • ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး
  • သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»မြဝတီမြို့အနီးရှိ တပ်စခန်းများ လက်မလွှတ်ရရေး စစ်ကောင်စီလေကြောင်းဖြင့် အပြင်းထန်ခုခံ၊ ဘိုးဘွားရိပ်သာကိုပါ ထိမှန်မှုကြောင့် အဖိုးအဖွားများပါ ပြေးလွှားတိမ်းရှောင်နေရ
တိုက်ပွဲသတင်း

မြဝတီမြို့အနီးရှိ တပ်စခန်းများ လက်မလွှတ်ရရေး စစ်ကောင်စီလေကြောင်းဖြင့် အပြင်းထန်ခုခံ၊ ဘိုးဘွားရိပ်သာကိုပါ ထိမှန်မှုကြောင့် အဖိုးအဖွားများပါ ပြေးလွှားတိမ်းရှောင်နေရ

thanlwinkhetBy thanlwinkhetMarch 9, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မြဝတီမြို့အနီးရှိ တပ်စခန်းများ လက်မလွှတ်ရရေး စစ်ကောင်စီလေကြောင်းဖြင့် အပြင်းထန်ခုခံ၊ ဘိုးဘွားရိပ်သာကိုပါ ထိမှန်မှုကြောင့် အဖိုးအဖွားများပါ ပြေးလွှားတိမ်းရှောင်နေရ

************************************

နန်းဆုပန်ခန့်

မတ် ၉ ၊၂၀၂၄။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ရှိ တပ်စခန်းများ လက်မလွှတ်ရရေး စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ခုခံလျက်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

မတ်လ ၇ရက်တွင် သင်္ဃန်းညီနောင် ရှိ စစ်ကောင်စီ ခမရ – ၃၅၅ တပ်ရင်းကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်သည့်အချိန်မှစ၍ စစ်ကောင်စီက လေကြောင်းသုံးခုံခံနေခြင်းဖြစ်သည်။

မတ်လ ၈ ရက် နေ့လည်ပိုင်းတွင် အဆိုပါ တပ်ရင်းအား ကာကွယ်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ယခင်ထက် လေကြောင်း အသုံးပြု၍ ပြန်လည်ခုခံနေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်သတင်းဌာနကိုပြောသည်။

၎င်းက ” ဂျက်က တစ်စီးကြဲပြီး ပြန်တာ အသံတောင်မကုန်သေးဘူး။ နောက်တစ်စီးက ထပ်ရောက်နေပြီ။ ဒီမနက်မှာလည်း ကင်းထောက်လေယာဉ်ခနခနလာတယ်။ အခုတောင် အလုံးလိုက်ချနေတာ။ တစ်ခါကြဲရင် ၆ လုံးနဲ့ ၁၀ ကြားကြဲတာ။ ဂျက်တောင် အဲ့လောက်မကြောက်ရဘူး ” ဟုဆိုသည်။

တိုက်ပွဲစတင်ဖြစ်ပွားသည့် မတ်လ ၇ ရက်မှစ၍ ယနေ့အချိန်ထိ စစ်ကောင်စီတပ်က မြဝတီမြို့အနီးကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀ ထက်မနည်း တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ယမန်နေ့ မတ်လ ၈ ရက် ညနက်ပိုင်းမှစပြီး ယနေ့မနက်အစောပိုင်းအချိန်ထိ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သင်္ဃန်းညီနောင်၊ ရွာသစ်ရွာရှိ နေအိမ် ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်။

ဒေသခံတစ်ဦးက “ မနေ့ကတစ်နေကုန်လေယာဉ်လာတာ၊ မနေ့ညကဆိုရင် သင်္ဃန်းညီနောင် ရွာသစ်ရွာက နေအိမ် အလုံး ၅၀ ကျော်ပါသွားတယ်၊ ဒေသခံတွေကတော့ မြဝတီမြို့ပေါ်ကို တိမ်းရှောင်နေရတယ်၊ ” ဟု ဆိုသည်။

ထို့ပြင် ယမန့်နေ့တွင် စစ်ကောင်စီတပ်က သင်္ဃန်းညီနောင် ရွာသစ်ရွာရှိ သဘာ၀တရားရိပ်သာ ဘိုးဘွားဂေဟာကို လေကြောင်းဖြင့် ဗုံးကြဲခဲ့သည့်အတွက် အဘိုး ၂ ဦးသေဆုံးခဲ့သည့်အပြင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

သဘာဝတရားရိပ်သာဆေးရုံတာဝန်ခံ ဦးဇင်း ဦးဇေယျမဂ္ဂ က ” “ နှစ်ဦးကတော့ပွဲချင်းပြီး ဆုံးသွားတယ်၊ ၁၄ ဦး ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့အထဲက အဖွားတစ်ဦးက အခြေအနေမကောင်းဘူး၊ “ ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရွာသစ်ရွာနှင့် ညီနောင်၊ ဖားချောင်း၊ မဲ့ကနယ်ကွက်သစ်၊ ဝှေ့ရှမ်း စသည့်ကျေးရွာများက ဒေသခံများသည် မြဝတီမြို့ပေါ်နှင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသလို ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံများထံက သိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

ထိုကဲ့သို့ တိုက်ပွဲဧရိယာများအပြင် ဒေသခံများနေထိုင်သည့် ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အပြင်  မြဝတီမြို့၊ အာရှလမ်းဘက်ရှိ ခလရ(၂၇၅) တပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။

ယနေ့ မနက်ပိုင်းတွင် သင်္ဃန်းညီနောင် နယ်မြေရှိ ၃၅၅၊ ၃၅၆ တပ်များ ၃၅၇ တပ်နှင့် ပြန်လည် ပူးပေါင်းထားရပြီး အဆိုပါ နယ်မြေသည် စိုးရိမ်ရေမှတ်ကို ရောက်ရှိနေသည့်အတွက် လေကြောင်းပစ်ကူပေးရန် စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ရေးသားထားကြသည်။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3686

YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8

Website – >  https://thanlwinkhet.net/?p=8214

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီတပ်စခန်းများကို KIA ဆက်လက်သိမ်းပိုက်
Next Article နိုင်ငံတကာမျက်ကွက်ပြုမှုကြားက စစ်တပ်ရဲ့ ရာဇတ်ဝတ်မှုများ
thanlwinkhet
  • Website

Related Posts

စစ်တွေ စစ်ဘေးရှောင်များ စားဝတ်နေရေး ကြပ်တည်းနေ

June 5, 2025

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

June 4, 2025

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

June 4, 2025

Leave A Reply Cancel Reply

Recent Posts

  • စစ်တွေ စစ်ဘေးရှောင်များ စားဝတ်နေရေး ကြပ်တည်းနေ
  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

စစ်တွေ စစ်ဘေးရှောင်များ စားဝတ်နေရေး ကြပ်တည်းနေ

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

စစ်တွေ စစ်ဘေးရှောင်များ စားဝတ်နေရေး ကြပ်တည်းနေ

June 5, 2025

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

June 4, 2025

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

June 4, 2025

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

June 4, 2025

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

June 4, 2025

သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

June 3, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.