• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ
  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • သရက်တပင်ဗုံးကြဲခံရမှုတွင် ဆေးကုသနေရသော ရခိုင်ကလေးငယ်တစ်ဦး ထပ်မံသေဆုံး
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး
  • လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်
  • စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်
  • စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ဖမ်းဆီးခံထားရသည့် ဗန်းမော်စစ်ရှောင်စခန်းက စစ်ရှောင်များ ပြန်မလွတ်သေး
တိုက်ပွဲသတင်း

ဖမ်းဆီးခံထားရသည့် ဗန်းမော်စစ်ရှောင်စခန်းက စစ်ရှောင်များ ပြန်မလွတ်သေး

thanlwinkhetBy thanlwinkhetMarch 11, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဖမ်းဆီးခံထားရသည့် ဗန်းမော်စစ်ရှောင်စခန်းက စစ်ရှောင်များ ပြန်မလွတ်သေး
********************

ထွယ်
မတ် ၁၁၊ ၂၀၂၄။

စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့သည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူ ၁၆ ဦးသည် ဖမ်းဆီးခံရပြီးနောက် ယနေ့အချိန်ထိ ပြန် လည်လွတ်မြောက်လာခြင်းမရှိသေးဟု ရောဘတ် စစ်ရှောင်ပြည်သူများထံကသိရသည်။

အင်အား ၁၅ ဦးခန့်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများသည် မတ်လ ၉ ရက် ည ၁၁ နာရီခန့်တွင် အိမ်စီးကားများဖြင့် ရောဘတ်စစ်ရှောင်စခန်းနှင့် မိဘမဲ့အမျိုးသားဘော်ဒါဆောင်အပါအဝင် အမျိုးသမီး ဘော်ဒါဆောင်များသို့ဝင်ရောက်ပြီး အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု စစ်ရှောင်အမျိုးသမီး ၁ ဦးက ပြောသည်။

၎င်းက “ သူတို့ဘာလို့လာတယ်ဆိုတာမျိုး မပြောဘူး။ သူတို့လာတဲ့အချိန် သေနတ်တွေလည်း မောင်းချိန်ပြတယ်။ ငါတို့က ယောကျ်ားလေးတွေကိုပဲ ကြိုက်တာလို့ ပြောနေကြတာ ကြားတယ်။ အမျိုးသမီးနဲ့ သက်ကြီးပိုင်းကို ပြန်လွတ်ပြီး ယောကျ်ားလေးတွေကို တက်တက်ဆိုပြီး ကားပေါ် ခေါ်တင်သွားတာ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုနေ့ညက အမှုတော်ဆောင်ဆရာ ၁ ပါး အပါအဝင် စစ်ရှောင်ပြည်သူ ၁၇ ဦးကို ဖမ်းဆီးခဲ့ပြီး ယမန်နေ့မွန်းလွှဲ ၂ နာရီခန့်တွင် အမှုတော်ဆောင်ဆရာကို ပြန်လွတ်ပေးခဲ့သည်ဟု စစ်ရှောင်ပြည်သူများထံက သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် စစ်ရှောင်ပြည်သူ ၁၆ ဦးတွင် အသက် ၁၇ နှစ်အရွယ် အမျိုးသား ၂ ဦး ပါဝင်ပြီး ဖမ်းဆီးထားသူများကို ဗန်းမော်မြို့အခြေစိုက် အမြောက် တပ် အမတ – ၃၆၆ ၌ ဖမ်းဆီးထားပြီး ၎င်းတို့ပြန်လည်လွတ်မြောက်ရန် စစ်ရှောင်စခန်းတာဝန်ရှိသူများက ကြိုးပမ်းလျက်ရှိသည်ဟု စစ်ရှောင်ပြည်သူ အမျိုးသမီးက ပြောသည်။

အဆိုပါ ရောဘတ်စစ်ရှောင်စခန်းတွင် နေထိုင်သည့် စစ်ရှောင်ပြည်သူများသည် ကချင်ပြည်နယ်တွင်း ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဗန်းမော်ခရိုင်အတွင်းက ဒေသခံများဖြစ်သည်။

ကချင်ပြည်နယ်တွင် ယခုနှစ် မတ်လ ၇ ရက်ကစတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်များက ဗန်းမော် – မြစ်ကြီးနားကားလမ်းတလျှောက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။

အဆိုပါတိုက်ပွဲများကြောင့် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့တွင်း၊ မြို့ပြင် စစ်ဆေးရေးတင်းကြပ်နေပြီး မတ်လ ၇ ရက် ညကစတင်ပြီး တက္ကသိုလ်ကျောင်းဝင်းတွင်း တပ်စွဲလျက်ရှိသည်။

ထို့ပြင် ဗန်းမော်မြို့တွင်းနှင့် မြို့ပြင် အနီးတဝိုက်တွင် ညအချိန်အပါအဝင် နေ့အချိန်၌လည်း သေနတ်သံ၊ လက်နက်ကြီးသံများ နေ့စဉ်မကြာခဏ ကြားနေရသည်ဟု ဗန်းမော်ဒေသခံများထံက သိရသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကလေးဒေသခံများ လေကြောင်း၊ လက်နက်ကြီးဒဏ်ခံနေရ
Next Article ကချင်ပြည်နယ်တွင် စစ်ကောင်စီရဟတ်ယာဥ်ပစ်ခတ်ခံရ
thanlwinkhet
  • Website

Related Posts

၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ

September 15, 2025

စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

September 13, 2025

ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး

September 12, 2025

Leave A Reply Cancel Reply

Recent Posts

  • ၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ
  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • သရက်တပင်ဗုံးကြဲခံရမှုတွင် ဆေးကုသနေရသော ရခိုင်ကလေးငယ်တစ်ဦး ထပ်မံသေဆုံး
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

သရက်တပင်ဗုံးကြဲခံရမှုတွင် ဆေးကုသနေရသော ရခိုင်ကလေးငယ်တစ်ဦး ထပ်မံသေဆုံး

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ

September 15, 2025

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

September 14, 2025

သရက်တပင်ဗုံးကြဲခံရမှုတွင် ဆေးကုသနေရသော ရခိုင်ကလေးငယ်တစ်ဦး ထပ်မံသေဆုံး

September 14, 2025

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

September 13, 2025

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

September 13, 2025

လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်

September 13, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.