Browsing: ပြည်တွင်းသတင်း

Loading

သဇင် ဇွန် ၃၊၂၀၂၃။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ရွာသစ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကြောင်းထိုးဝင် ရောက်ပြီးနောက် ဒေသခံအမျိုးသားတစ်ဦး မီးရှို့ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများထံမှသိရသည်။ ဇွန်လ ၁ ရက်၊နံနက်၆နာရီခွဲခန့်တွင် အင်အား ၁၀၀ခန့်ရှိသော စစ်ကြောင်းသည် ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာကိုလက်နက်ကြီးငယ်များပစ်ကာ ဝင်ရောက်ခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ခင်ဦးမြို့နယ်…

Read More

Loading

ကောင်းချစ်အောင် ဇွန် ၃၊ ၂၀၂၃။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်ခင်ရန်းရွာမှ ပြည်သူများကို ပျူစောထီးအဖွဲ့ထဲဝင်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖိအားပေးစေခိုင်းနေသောကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ တောင်ခင်ရန်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ပြီးခဲ့သည့် မေလ ၂၈ရက်တွင် တောင်ခင်ရန်းနယ်မြေရဲစခန်းမှ တောင်ခင်ရန်းရွာလူထုအား အစည်းဝေးခေါ်ခဲ့ပြီး ရပ်ရွာကာကွယ်ရန်ဟူသည့်အကြောင်းပြချက်ဖြင့် ပျူစောထီးအဖွဲ့ထဲဝင်ရန် ဖိအားပေးခဲ့ခြင်းဖြစ်သည်။ ထိုအခြေအနေနှင့်ပတ်သက်၍ …

Read More

Loading

ယမင်းဖူးပွင့်အောင် ဇွန် ၂၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများ အနေဖြင့် လာမည့်မိုးတွင်းကာလမြွေအန္တရာယ် စိုးရိမ်မှုမြင့်တက်နေသည်ဟု ဒေသခံများထံက သိရသည်။ ခြုံထူထပ်သည့် တောတောင်များသို့ ရှောင်တိမ်းနေထိုင်ရသဖြင့် မြွေကိုက်ခံရမှုများရှိနေသည်ဟု စစ်ဘေးရှောင်ဒေသခံတစ်ဦးက ပြောသည်။ ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ခန့်ရှိပြီး ၇၅ ရာခိုင်နှုန်းခန့်သည် မြွေပေါသည့်နေရာတွင်စစ်ဘေးရှောင်နေရသည်ဟု…

Read More

Loading

ကောင်းချစ်အောင် ‌ဇွန် ၂၊ ၂၀၂၃။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ခြောက်မြို့သို့စျေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိတစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ရာ ငွေကျပ်သိန်း ၄၀ ကျော်နှင့် ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းများသိမ်းဆည်းရမိခဲ့သည်ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့များထံမှသိရသည်။ ကပစ ၂၁ မှ တပ်ကြပ်ကြီး အောင်သူတင့်ကို ချောက်မြို့ အမှတ်၁၁ ဗဟိုကွက်သစ်ကျောင်းအနီး၌ ယနေ့နံနက်ပိုင်း၉…

Read More

Loading

သံလွင်ခက်။ ဇွန် ၂ ၊ ၂၀၂၃။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေး အခက်ခဲဖြစ်ပေါ်နေသည်ဟု စစ်ရှောင်အရေးကူညီနေသူများထံက သိရသည်။ လက်ရှိအချိန်တွင် ဆန်ပြတ်လပ်နေသည်ဟု ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ် အရှေ့ဘက်ခြမ်းမှ ဆီဆိုင်မြို့နယ်သို့တစ်နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်နေသည့် အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။ ၎င်းက ” အဆင်မပြေဘူး၊ ဆန်လည်းမရှိတော့ဘူး…

Read More

Loading

ယမင်းဖူးပွင့်အောင် ဇွန် ၁၊ ၂၀၂၃။ စစ်ကောင်စီထိန်းချုပ်မှုအောက် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် ရခိုင်ပြည်နယ်က ကျောင်းများတွင်စာသင်ကြားနိုင်ခြင်းမရှိသေးဟု ဒေသခံများနှင့်ကျောင်းသားမိဘများထံက သိရသည်။ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများကို ပြန်လည် မပြုပြင်နိုင်သေးခင် ဖွင့်လှစ်ခဲ့သည့်အတွက်စာသင်ကြားမည့် နေရာအခက်အခဲရှိနေခြင်းဖြစ်သည်ဟု မြောက်ဦးဒေသခံ ကိုခိုင်မင်းချေက သံလွင်ခက်ကိုပြောသည်။ “ကလေးတွေ နေဖို့နေရာမရှိဘူးလေ။ နေပူထဲ စာထိုင်သင်ဖို့အဆင်မပြေဘူး။ စာသင်ကျောင်းတွေ…

Read More

Loading

သဇင် ဇွန်လ ၁၊၂၀၂၃။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်)ဒေသတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တအာင်းအမျိုးသားပညာရေးကော်မတီ (TNEC)က ကျောင်းပေါင်း(၄၀၀)ခန့် ဖွင့်လှစ်သွားမည်ဟု  TNEC အဖွဲ့ဝင်များထံမှ သိရသည်။ ယမန်နှစ်က ကျောင်းပေါင်း ၄၀၀ကျော် ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့သော်လည်း  ကျောင်းပေါင်း ၃၆၀ကျော်သာ ဖွင့်နိုင်ခဲ့သည်ဟု ဆိုသည်။ ယခု နှစ် ၂၀၂၃-၂၀၂၄…

Read More

Loading

သံလွင်ခက်။ ဇွန် ၁ ၊ ၂၀၂၃။ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ အမြောက်တပ်မှ စစ်ကူရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရင့်ရဲကျေးရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ အမြောက်တပ်မှ ထွက်လာသည့် အင်အား ၃၀ခန့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ထုတိုက်နယ်အတွင်းတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ အထိနာနေသည့်အတွက် ရင့်ရဲကျေးရွာရှိနေအိမ်များကို မီးရှို့ခြင်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု…

Read More

Loading

ကောင်းချစ်အောင် ဇွန် ၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများပါဝင်ဆွေး‌နွေးသည့် ပထမအကြိမ်စစ်ကိုင်းဖိုရမ်ကို မေလ၃၀ရက်နှင့် ၃၁ရက်တို့တွင် နှစ်ရက်တာကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်းအတိုင်ပင်ခံကောင်စီ တည်ထောင်နိုင်ရန်သဘောထားများစုစည်းနိုင်ခဲ့ကြသည်ဟု စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။ နှစ်ရက်တာကျင်းပခဲ့သည့် စစ်ကိုင်းဖိုရမ်တွင် တိုင်းအတွင်း ၂၈မြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်း၁၇၃ဖွဲ့နှင့် လေ့လာသုံးသပ်သူ ၃၁ဦး တက်ရောက်ခဲ့ကြပြီး နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် အထွေထွေဟူသည့်…

Read More

Loading

ယမင်းဖူးပွင့်အောင် မေ ၃၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှ အိမ်ထောင် ၁၃၀ ရှိ ရေဘေးသင့်ပြည်သူများကို သွားရောက်ကူညီပေးခဲ့သည်ဟု Monywa People’s Force-MPF Support Team (မုံရွာထောက်ပို့အသင်း)ထံမှ သိရသည်။ ယင်းမာပင်မြို့နယ်တွင် လုံခြုံရေးအရ အမည်မဖော်လိုသော ကျေးရွာတစ်ရွာမှ ရေဘေးသင့်ပြည်သူများကို တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်၊…

Read More