ယမင်းဖူးပွင့်အောင် ဇွန် ၆၊ ၂၀၂၃။ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် သစ်ခိုးထုတ်နေသည့်ဖြစ်ရပ်အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရNUG က ထိန်းချုပ်နိုင်ရန် အကန့်အသတ်များရှိနေသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က သံလွင်ခက်ကိုပြောသည်။ သစ်ခိုးထုတ်နေသူများသည် သိန်းသောင်းချီ အကုန်အကျခံကာ လမ်းကြောတစ်လျှောက်ရှိ စစ်ကောင်စီ စခန်းများကို ကြိုတင် လာဘ်ထိုးပြီး ဆောင်ရွက်နေကြသည်ဟု ဆိုသည်။…