လေကြောင်းပစ်ကူပေးသော်လည်း ကော့ဘိန်းရဲစခန်းအား ပူးပေါင်းတပ်များသိမ်းပိုက်
*******
နန်းဆုပန်ခန့်
မတ် ၂၅၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေး ရွာရဲစခန်းအား ယနေ့ညနေပိုင်းတွင် အပြီးပိုင်သိမ်းပိုက်နိုင်ခဲ့သည်ဟု Lion Battalion Commando ဗျူဟာစစ်ကြောင်းက ထုတ်ပြန်သည်။
ကော့ဘိန်းကျေးရွာရဲစခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သော် လည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါရဲစခန်းအား မတ်လ ၂၄ ရက်ကစ၍ ပူးပေါင်းတပ်ဖွဲ့များ စတင်ထိုးစစ်ဆင်ခဲ့ပြီး ယနေ့တွင်အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ပိုမိုပြင်းထန်သောတိုက်ပွဲများဆင်နွှဲရန် ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး ယခုကော့ဘိန်းကျေးရွာရဲစခန်းအားတိုက်ခိုက်သိမ်း ပိုက်မှုတွင် လက်နက်အများအပြားသိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးမှုရှိခဲ့သည်။
အဆိုပါစစ်ဆင်ရေးကို ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion Commando ဗျူဟာ စစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ – AD၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် – MLA၊ ဂဠုန်စစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့ကပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ပုံစာ – သိမ်းဆည်းရရှိသည့်လက်နက်ခဲယမ်းများ။
************
Telegram– > https://t.me/newstlk/3988
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8676