• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မတ်လအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အမျိုးသမီး ၁၄၀ ကျော်ထိခိုက်သေဆုံး
  • တနင်္သာရီဖက်ဒရယ်ယူနစ် နှင့် IEC တို့အကြား ဘုံရည်မှန်းချက်များအတွက် ပူးပေါင်းဆောင်ရွက်မည်
  • ၅ နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရှိ စာသင်ကျောင်း ၁၆ ကျောင်း ပျက်စီးဆုံးရှုံး
  • DKBA ဆေးရုံအဟောင်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
  • မဲဆောက်တွင် ဗန်ကားနှင့် ကုန်တင်ကား တိုက်မိ၊ သူနာပြုတစ်ဦးအပါအဝင် ၅ ဦး သေဆုံး
  • ရေလက်ကြားကို ပြန်မဖွင့်ရင် ငရဲရောက်သွားမည်ဟု ထရမ့်ခြိမ်းခြောက်
  • မယ်စဲ့ရောက် ဖယ်ခုံစစ်ရှောင်များ အိမ်ထောင်စု ၃ စုလျှင် ဓားမတစ်လက်ဖြင့် တောင်ယာမျှခုတ်နေရ
  • သက်ငယ်မုဒိမ်းကျင့်ကာ အလောင်းဖျောက်ခဲ့သူ အမျိုးသားအား NUG သေဒဏ်ချမှတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»လေကြောင်းပစ်ခတ်မှုကြောင့် ရေတာရှည်မြို့နယ်က နေအိမ်အချို့ပျက်စီး
တိုက်ပွဲသတင်း

လေကြောင်းပစ်ခတ်မှုကြောင့် ရေတာရှည်မြို့နယ်က နေအိမ်အချို့ပျက်စီး

thanlwinkhetBy thanlwinkhetMarch 26, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

လေကြောင်းပစ်ခတ်မှုကြောင့် ရေတာရှည်မြို့နယ်က နေအိမ်အချို့ပျက်စီး
*****

သဇင်
မတ် ၂၆၊ ၂၀၂၄။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပစ်ခတ်ခဲ့သည့်အတွက် နေအိမ် ၂ လုံးနှင့် တင်းကုပ် ၁ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

ယမန်နေ့ မတ်လ ၂၅ ရက်တွင် မနက် ၁၀ နာရီခွဲခန့် မှ နေ့လယ် ၂ နာရီကျော်အထိ ရေတာရှည်မြို့နယ်ရှိ ပိတောက်ကုန်း၊ ရေငန်၊ ရေတာရှည်လေး နှင့် ကျွန်းကုန်း စသည့် ကျေးရွာအစပ်များကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရေငန်ရွာနေ ဦးချစ်ပြုံး၏ လယ်တဲအိမ် ၁ လုံး၊ အင်းကြီးပေါက်ရွာက ဦးတုတ်တို ၏ နေအိမ် ၁ လုံးနှင့် အင်းကြီးပေါက်ရွာနေ ဦးကျော်မိုး၏ တင်းကုပ် ၁ လုံးမီးလောင်ပျက်စီးခဲ့ပြီး နွား ၁ ကောင် သေဆုံးခဲ့သည်ဟု ဒေသခံ ၁ ဦးကပြောသည်။

၎င်းက ” Mi-35 ဂျက်ဖိုက်တာ ၃ စီး၊ ဟက်စကီး ၂ စီးနဲ့လာပစ်တာ အင်းကြီးပေါက်ရွာအစွန်ပိုင်းနဲ့ ကျန်တဲ့ရွာတွေရဲ့ ရွာခြေတွေကို ဖိပစ်သွားတာပါ။ အိမ် ၂ လုံး၊ တင်းကုပ် ၁ လုံးမီးလောင်တယ်။လူထိခိုက်မှုတော့ မရှိဘူး”ဟု ဆို သည်။

လေကြောင်းတိုက်ခိုက်ခဲ့သော လေယာဉ်များသည် နေပြည်တော်လေတပ်က ဂျက်ဖိုက်တာ ၃ စီးနှင့် တောင်ငူလေ တပ်က ၂ စီး စုစုပေါင်း ၅ စီးဖြစ်သည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုအပြင် တောင်ငူမြို့‌သစ်ကနေလည်း ၁၂၀ မမ လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်ခဲ့သေး သည်ဟု ဒေသခံများထံက သိရသည်။

လေကြောင်းတိုက်ခံရသည့်ကျေးရွာများတွင် ၎င်းကျေးရွာတာဝန်ရှိသူများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကျေးရွာဒေသခံများအား ဗုံးခိုကျင်းတူးရန် ကြိုတင်သတိပေးမှုများလုပ်ဆောင်ထားသည်ဟု စစ်ရေးနီးစပ်သူ ၁ ဦး က ပြောသည်။

၎င်းက “ဒီမှာက ရွာသားတွေကို ဗုံးခိုကျင်းတွေတူးခိုင်းထားတော့ များသောအားဖြင့် ဗုံးခိုကျင်းမှာရှောင်နေကြ တော့ နည်းနည်းတော့ သက်သာတာပေါ့”ဟု ဆိုသည်။

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုများလည်း ဆက်တိုက်လုပ်ဆောင်နေသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၁၇ ရက်တွင် ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွားအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ – ပေးပို့။

ပုံစာ – ၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက် လေကြောင်းပစ်ခတ်မှုကြောင့် အင်းကြီးပေါက်ရွာက မီးလောင်ပျက်စီးခဲ့သည့် နေအိမ်မြင်ကွင်း။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမတ်လအတွင်း KNU တပ်မဟာ ၆ နယ်မြေရှိ တပ်စခန်း ၉ ခုကို ပူးပေါင်းတပ်များသိမ်းပိုက်ထား
Next Article စိန်ရတု ပအိုဝ်းအမျိုးသားနေ့ကို ကိုယ်ထူကိုယ်ထကျင်းပ
thanlwinkhet
  • Website

Related Posts

သက်ငယ်မုဒိမ်းကျင့်ကာ အလောင်းဖျောက်ခဲ့သူ အမျိုးသားအား NUG သေဒဏ်ချမှတ်

April 6, 2026

စစ်အုပ်စုက ဝေါလေဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

April 6, 2026

တနင်္သာရီတွင် နှစ်လအတွင်း စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ရာနှင့်ချီ ပျက်စီး

April 4, 2026

Leave A Reply Cancel Reply

Recent Posts

  • မတ်လအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အမျိုးသမီး ၁၄၀ ကျော်ထိခိုက်သေဆုံး
  • တနင်္သာရီဖက်ဒရယ်ယူနစ် နှင့် IEC တို့အကြား ဘုံရည်မှန်းချက်များအတွက် ပူးပေါင်းဆောင်ရွက်မည်
  • ၅ နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရှိ စာသင်ကျောင်း ၁၆ ကျောင်း ပျက်စီးဆုံးရှုံး
  • DKBA ဆေးရုံအဟောင်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
  • မဲဆောက်တွင် ဗန်ကားနှင့် ကုန်တင်ကား တိုက်မိ၊ သူနာပြုတစ်ဦးအပါအဝင် ၅ ဦး သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မတ်လအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အမျိုးသမီး ၁၄၀ ကျော်ထိခိုက်သေဆုံး

တနင်္သာရီဖက်ဒရယ်ယူနစ် နှင့် IEC တို့အကြား ဘုံရည်မှန်းချက်များအတွက် ပူးပေါင်းဆောင်ရွက်မည်

၅ နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရှိ စာသင်ကျောင်း ၁၆ ကျောင်း ပျက်စီးဆုံးရှုံး

DKBA ဆေးရုံအဟောင်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ယခင်သတင်းများ

  • April 2026
  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မတ်လအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အမျိုးသမီး ၁၄၀ ကျော်ထိခိုက်သေဆုံး

April 8, 2026

တနင်္သာရီဖက်ဒရယ်ယူနစ် နှင့် IEC တို့အကြား ဘုံရည်မှန်းချက်များအတွက် ပူးပေါင်းဆောင်ရွက်မည်

April 7, 2026

၅ နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်ရှိ စာသင်ကျောင်း ၁၆ ကျောင်း ပျက်စီးဆုံးရှုံး

April 7, 2026

DKBA ဆေးရုံအဟောင်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

April 7, 2026

မဲဆောက်တွင် ဗန်ကားနှင့် ကုန်တင်ကား တိုက်မိ၊ သူနာပြုတစ်ဦးအပါအဝင် ၅ ဦး သေဆုံး

April 6, 2026

ရေလက်ကြားကို ပြန်မဖွင့်ရင် ငရဲရောက်သွားမည်ဟု ထရမ့်ခြိမ်းခြောက်

April 6, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.