• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ထီးဖိုးစံကျေးရွာကို စစ်ကော်မရှင်တပ် ဗုံး ၃၇ လုံးကြဲချ
  • မိုင်းငေါ့ကို စစ်တပ်ဗုံးကြဲ၍ ဒေသခံများ သေဆုံး
  • Amazon Web Services (AWS) ပြတ်တောက်မှုကြောင့် Signal၊ Zoom အပါအဝင် အက်ပလီကေးရှင်းများ နာရီပိုင်းကြာ ရပ်တန့်
  • ကျားဖြန့်လုပ်ငန်းများ လည်ပတ်နေသည့် KK Park အား စစ်တပ်မှ ရှင်းလင်း
  • သံတွဲနှင့် ဂွတွင် ညအချိန် ငါးဖမ်းခြင်းအား AA ကန့်သတ်
  • ဖမ်းဆီးခံ မြန်မာအလုပ်သမားများ ထိုင်းလဝက အချုပ်ထောင်သို့ ပို့ဆောင်ခံရ
  • ရခိုင်တွင် လက်နက်ကြီး နေ့စဉ် ပစ်ခတ်မှုကြောင့် စစ်ရှောင်များ တိုးလာ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»AA ထံ လက်နက်ချအညံ့ခံလာသည့် စစ်ကောင်စီတပ်သားထောင်ချီရှိလာ
နေ့စဉ်သတင်း

AA ထံ လက်နက်ချအညံ့ခံလာသည့် စစ်ကောင်စီတပ်သားထောင်ချီရှိလာ

thanlwinkhetBy thanlwinkhetMarch 27, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

AA ထံ လက်နက်ချအညံ့ခံလာသည့် စစ်ကောင်စီတပ်သားထောင်ချီရှိလာ

*****

သံလွင်ခက်

မတ် ၂၇ ၊ ၂၀၂၄။

ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသတွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၄ လကျော်ကာလအတွင်း ယင်းဒေသ များက လက်နက်ချအညံ့ခံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်၊ တပ်မိသားစုအရေအတွက် ထောင်ချီရှိလာပြီဟု ရက္ခိုင့်တပ်တော် – AA က မတ်လ ၂၆ ရက်၌ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော် – AA သည် ရခိုင်ဒေသအတွင်း တပ်စခန်းပေါင်းများစွာကို ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားသည် မှာ လပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။

ယင်းအနက်က စခန်းတစ်ခုဖြစ်သော ရခိုင်ပြည်နယ် ၊ မောင်တောမြို့ရှိ တမန်းသား ရဲကင်းစခန်းအား ၁ လနီးပါး ကြာသည်အထိ ပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီးနောက် မတ်လ ၂၅ ရက်တွင် အဆိုပါစခန်းကအင်အား ၁၀၀ ခန့် ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရက္ခိုင့်တပ်တော်ထံ လက်နက်ချခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်နက်ချအညံ့ခံလာသူများကို ကောင်းမွန်စွာစောင့်ရှောက်ထားသည်ဟု AA ကဆိုသည်။

ထို့ပြင် ရက္ခိုင့်တပ်တော်သည် ရခိုင်ဒေသအတွင်းရှိ လက်ကျန်စစ်စခန်းများကို တစ်ရက်မျှရပ်နားခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လက်ကျန်စခန်းများထဲက ဘူးသီးတောင်အခြေစိုက် စကခ – ၁၅ လက်အောက်ခံ ခမရ – ၅၅၂ တပ်ရင်း အား ယခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ထို့နောက် ခမရ – ၅၅၂ စခန်းအား စစ်ကောင်စီ၏ ကြည်း၊ လေ အပြင်းအထန်ခုခံကာကွယ်မှုကြားထဲက ရက်ပေါင်း ၃၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသည့်နောက် မတ်လ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီအချိန်တွင် အဆိုပါစခန်း တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်း၊ အလောင်းများနှင့်အတူ လက်နက်ချအညံ့ခံခဲ့သော စစ် ကောင်စီတပ်သားအချို့အား ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသေးသော တပ်ဖွဲ့ဝင်များကိုလည်း လိုက် လံဖမ်းဆီးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ရက္ခိုင့်တပ်တော်က ၁ လနီးပါး ဝိုင်းရံပိတ်ဆိုထားနိုင်ခဲ့ပြီး အတိုင်းအတာတစ်ခုထိ သိမ်းပိုက်ရယူထားခဲ့ ပြီဖြစ်သော မောင်တောမြို့ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ်ရယူနိုင်ရေးအတွက် ထိုးစစ်ကို ဆက်လက်အရှိန်အဟုန်မြှင့်လျက်ရှိသည်ဟု သိရသည်။

တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီ၏ အခြားသောစခန်းများကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိ သည် ဟု ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄လကျော်ကြာမြင့်လာ ပြီဖြစ်ကာ AA အနေဖြင့် ပလက်ဝ အပါအဝင် မြို့နယ် ၉ မြို့နယ်အား သိမ်းပိုက်ထားနိုင်ခဲ့သည်။

ပုံစာ – လက်နက်ချအညံ့ခံခဲ့သည့် တမန်းသားရဲကင်းစခန်းက စစ်ကောင်စီတပ်သားများ။

************

Telegram– > https://t.me/newstlk/4006

YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d

Website – >  https://thanlwinkhet.net/?p=8705

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Article” ဘီလူးနင်းမယ့်လမ်း “ဒုတိယမြောက်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး
Next Article မြန်မာကလေးငယ် ၁၉ ဦးအား နေရပ်ပြန်ပို့မည့်အပေါ်စိုးရိမ်ကြောင်း ထိုင်းအရပ်ဘက်အဖွဲ့များဆို
thanlwinkhet
  • Website

Related Posts

ထီးဖိုးစံကျေးရွာကို စစ်ကော်မရှင်တပ် ဗုံး ၃၇ လုံးကြဲချ

October 21, 2025

မိုင်းငေါ့ကို စစ်တပ်ဗုံးကြဲ၍ ဒေသခံများ သေဆုံး

October 21, 2025

Amazon Web Services (AWS) ပြတ်တောက်မှုကြောင့် Signal၊ Zoom အပါအဝင် အက်ပလီကေးရှင်းများ နာရီပိုင်းကြာ ရပ်တန့်

October 20, 2025

Leave A Reply Cancel Reply

Recent Posts

  • ထီးဖိုးစံကျေးရွာကို စစ်ကော်မရှင်တပ် ဗုံး ၃၇ လုံးကြဲချ
  • မိုင်းငေါ့ကို စစ်တပ်ဗုံးကြဲ၍ ဒေသခံများ သေဆုံး
  • Amazon Web Services (AWS) ပြတ်တောက်မှုကြောင့် Signal၊ Zoom အပါအဝင် အက်ပလီကေးရှင်းများ နာရီပိုင်းကြာ ရပ်တန့်
  • ကျားဖြန့်လုပ်ငန်းများ လည်ပတ်နေသည့် KK Park အား စစ်တပ်မှ ရှင်းလင်း
  • သံတွဲနှင့် ဂွတွင် ညအချိန် ငါးဖမ်းခြင်းအား AA ကန့်သတ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ထီးဖိုးစံကျေးရွာကို စစ်ကော်မရှင်တပ် ဗုံး ၃၇ လုံးကြဲချ

မိုင်းငေါ့ကို စစ်တပ်ဗုံးကြဲ၍ ဒေသခံများ သေဆုံး

Amazon Web Services (AWS) ပြတ်တောက်မှုကြောင့် Signal၊ Zoom အပါအဝင် အက်ပလီကေးရှင်းများ နာရီပိုင်းကြာ ရပ်တန့်

ကျားဖြန့်လုပ်ငန်းများ လည်ပတ်နေသည့် KK Park အား စစ်တပ်မှ ရှင်းလင်း

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ထီးဖိုးစံကျေးရွာကို စစ်ကော်မရှင်တပ် ဗုံး ၃၇ လုံးကြဲချ

October 21, 2025

မိုင်းငေါ့ကို စစ်တပ်ဗုံးကြဲ၍ ဒေသခံများ သေဆုံး

October 21, 2025

Amazon Web Services (AWS) ပြတ်တောက်မှုကြောင့် Signal၊ Zoom အပါအဝင် အက်ပလီကေးရှင်းများ နာရီပိုင်းကြာ ရပ်တန့်

October 20, 2025

ကျားဖြန့်လုပ်ငန်းများ လည်ပတ်နေသည့် KK Park အား စစ်တပ်မှ ရှင်းလင်း

October 20, 2025

သံတွဲနှင့် ဂွတွင် ညအချိန် ငါးဖမ်းခြင်းအား AA ကန့်သတ်

October 20, 2025

ဖမ်းဆီးခံ မြန်မာအလုပ်သမားများ ထိုင်းလဝက အချုပ်ထောင်သို့ ပို့ဆောင်ခံရ

October 18, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.