Browsing: ပြည်တွင်းသတင်း

Loading

သံလွင်ခက်။ မေ ၃၀ ၊ ၂၀၂၃။ ရွာလုံးကျွတ် မီးရှို့ခံထားရမှုကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ရေရှင်ကျေးရွာမှ စစ်ဘေးရှောင်များ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိသည်ဟု ကူညီထောက်ပံ့သူများထံက သိရသည်။ ယခင်က ရေရှင်စစ်ဘေးရှောင်ပြည်သူများအတွက် လစဉ် စားနပ်ရိက္ခာ ကူညီထောက်ပံ့နေသည့်အဖွဲ့အစည်းများရှိသော်လည်း ယခု လှုဒါန်းမှုမရှိသည်မှာ တစ်လခန့်ရှိပြီဖြစ်သည်ဟု သိရသည်။ ရေရှင်စစ်ဘေးရှောင်တစ်ဦးက…

Read More

Loading

ကောင်းချစ်အောင် မေ ၂၉ ၊ ၂၀၂၃ ။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး စစ်ကောင်စီတပ်ထံ ထွက်ပြေးသွားခဲ့ပြီးနောက် Eagle Brigade အဖွဲ့၏ လက်နက်၊ခဲယမ်းနှင့်စစ်အသုံးအဆောင်ပစ္စည်းများ စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံလိုက်ရသည်ဟု အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးပုံမှန်ပြုလုပ်နေသည့် ပခုက္ကူ-မြိုင်ကားလမ်းပေါ်ရှိ အင်ပင်စစ်ဆေးရေးဂိတ်တွင် မေလ၂၇ရက်၊ညနေ၌ လက်နက်များ…

Read More

Loading

ကောင်းချစ်အောင် မေ ၂၇၊ ၂၀၂၃။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် ခုနစ်ဦးမှာ လက်နက်များနှင့်အတူ ကျပ်သိန်း ၂၄၀၀ခန့်ယူဆောင်၍ စစ်ကောင်စီထံ ထွက်ပြေးခဲ့သည့်အတွက် အရေးယူဆောင်ရွက်သွားမည်ဟု ပခုက္ကူမြို့နယ် ပ.အ.ဖ အဖွဲ့ကထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလအတွင်း၌  စစ်ကောင်စီထံ လက်နက်ချအညံ့ခံထွက်ပြေးခဲ့သည့် Defense Team Pakokku-DTP အဖွဲ့ခေါင်းဆောင် အောင်သူ(ခ)Snake၏…

Read More

Loading

သံလွင်ခက်။ မေလ ၂၆၊ ၂၀၂၃။ ရန်ုကုန်တိုင်း၊ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲတွင် ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို စစ်ကောင်စီလက်အောက်ခံ တရားခံရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။ ယနေ့ မေလ ၂၆ ရက်တွင် စစ်ကောင်စီလက်အောက်ခံ သင်္ဃန်းကျွန်းခရိုင်…

Read More

Loading

သံလွင်ခက် မေ ၂၆ ၊ ၂၀၂၃ ။ ရှမ်းပြည်နယ်၊ မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်မောရွာရှိ ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟုNothern ABSDF ကထုတ်ပြန်သည်။ အဆိုပါရဲကင်းစခန်းအား မေလ ၂၄ ရက်၊ နံနက် ၆ နာရီ ၁၅ မိနစ် အချိန် မှ စ၍…

Read More

Loading

သံလွင်ခက် မေ၂၅၊ ၂၀၂၃။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် (၆) တွင် ယနေ့မွန်းလွှဲ ၁၂ ခွဲခန့်က အမျိုးသားတစ်ဦး  အပစ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများထံက သိရသည်။ စီတာပူရပ်ကွက် ကုန်တင်၊ ကုန်ချ သိုလှောင်ရုံလမ်းပေါ် ဆွတ်ဂင်ဒိုင် တည်းခိုခန်းအနီးအပစ်ခံရပြီး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို…

Read More

Loading

ယမင်းဖူးပွင့်အောင် မေ ၂၅၊ ၂၀၂၃။ မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ဝင် ဒုတပ်ကြပ်တစ်ဦးနှင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှစ်ဦး အပစ်ခံရပြီး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ မေလ ၁၉ ရက်နေ့က မင်းလှမြို့နယ်၊ မီးလောင်ကုန်းကျေးရွာ ပျူစောထီး‌ခေါင်းဆောင် တစ်ဦး၊ မေလ ၂၃ ရက်နေ့က မဒိုင်းကျေးရွာမှ ပျူစောထီးခေါင်းဆောင်…

Read More

Loading

သံလွင်ခက် မေ ၂၅၊ ၂၀၂၃။ ရခိုင်ပြည်နယ်အတွင်းက လေဘေးသင့် ပြည်သူများထံ ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့ရန် အခက်အခဲရှိသည်ဟုဒေသခံများနှင့် ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များထံက သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးရေးဂိတ်များတွင် ည ၆ နာရီခွဲအချိန်မှ စတင်ကာ  ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားသဖြင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ အခက်တွေ့နေခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး ဥက္ကဌ က သံလွင်ခက်ကို…

Read More

Loading

ကောင်းချစ်အောင် မေ၂၅၊ ၂၀၂၃။ NUGက ထိထိရောက်ရောက်အရေးယူရန်သက်မှတ်ထားသည့် စစ်ကောင်စီထောက်တိုင် ကုန်ပစ္စည်းအမှတ်တံဆိပ်ကို NUG လက်အောက်ခံ ပအဖ တပ်ဖွဲ့ဝင်များက ငွေယူ၍ ဧရာဝတီမြစ်အတွင်း သင်္ဘောကြီးများဖြင့်ပါသယ်ဆောင်ခွင့်ပေးနေသည်ဟု သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း မေလ၂၂ရက်တွင် စစ်ကိုင်းတိုင်း၊ ရေစကြိုမြို့နယ် ဧရာဝတီမြစ်ကြောင်းအတွင်း၌ မောင်းနှင်းလာသည့်  မင်းသူ‌အောင်-၁နှင့် ရေဘုရင်ကြီး-၅  ကုန်စည်တင်သင်္ဘောနှစ်စီးကိုLocal PDF များက…

Read More

Loading

သံလွင်ခက်။ မေ ၂၅၊ ၂၀၂၃။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင့်ဖြင့် ၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံများထံက သိရသည်။ ယမန်နေ့ မေ ၂၄ ရက် ည ၉ နာရီခွဲအကျော်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။…

Read More