• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»မပေါက်ကွဲသေးသည့်လက်နက်အကြွင်းအကျန်များ KNA ရှင်းလင်း
တိုက်ပွဲသတင်း

မပေါက်ကွဲသေးသည့်လက်နက်အကြွင်းအကျန်များ KNA ရှင်းလင်း

thanlwinkhetBy thanlwinkhetApril 25, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မပေါက်ကွဲသေးသည့်လက်နက်အကြွင်းအကျန်များ KNA ရှင်းလင်း

******

သဇင်

ဧပြီ ၂၅၊၂၀၂၄။

မြဝတီမြို့ ၊ ထိုင်း – မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားအနီး ဖြစ်ပွားခဲ့သော နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း မပေါက်ကွဲဘဲကျန်ရှိနေသေးသည့် လက်နက်အကြွင်းအကျန်များကို ကရင်အမျိုးသားတပ်မတော် – KNA တပ်ဖွဲ့က ရှင်းလင်းနေသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးအချို့သည် မြဝတီမြို့ အမှတ် ၅ ရပ်ကွက်ရှိ  အမှတ် ၂ တံတားအနီး ဖိုးပန်းသီးလမ်းတွင် မပေါက်ကွဲဘဲကျန်နေသည့် လက်နက်ကြီး ၅ လုံးဝန်းကျင်တွေ့ရှိခဲ့သည်ဟု ဒေသခံများကဆိုသည်။

အဆိုပါလက်နက်ကြီးများကို ပြီးခဲ့သည့်ဧပြီလ ၂၃ ရက်ကစတင်ပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကရင်အမျိုးသားတပ်မတော် – KNA (BGF) အဖွဲ့များက နယ်မြေရှင်းလင်းမှုများလုပ်ဆောင်နေသည်ဟု ဒေသခံ အမျိုးသမီး ၁ ဦးက သံလွင်ခက်ကိုပြောသည်။

၎င်းက “သူတို့ရှင်းလင်းနေတာ ၃ ရက်လောက်ရှိပြီ။ မနေ့ကအထိတော့ ၄ လုံးလောက်ရှင်းပြီးပြီ။ ၁ လုံးကတော့ ကျန်နေသေးတယ်။ မဖော်ရသေးတဲ့ ၁ လုံးက ကျန်တဲ့အလုံးတွေထက် ပိုကြီးတယ်။ သူတို့ပြောတာတော့ အန္တရာယ်များလို့ဆိုပြီး သူတို့စောင့်ကြည့်နေတယ်” ဟုဆိုသည်။

ရှင်းလင်းရန်ကျန်ရှိနေသေးသည့်လက်နက်ကြီးသည် ဖိုးပန်းသီးလမ်းထိပ်ရှိ နေအိမ်အတွင်းရှိနေပြီး ပေါက်ကွဲနိုင် သည့် အနေအထားရှိသောကြောင့် ရှင်းလင်းရန်အခက်အခဲရှိနေခြင်းဖြစ်သည်။

မြဝတီမြို့တွင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် ၃၆ နာရီတိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်မှုကြောင့် ရပ်ကွက် ၅ ရှိ နေအိမ် ၃ လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး အမိုးအကာပျက်စီးကာ ကျည်ပေါက်ရာတွေ့ရှိရသည့် နေအိမ် ၁၀ လုံး ထက်မနည်းရှိသည်ဟုလည်း ဒေသခံများ၏ ပြောပြ ချက်အရသိရသည်။


လက်ရှိတွင် အဆိုပါ ရပ်ကွက် ၅ အတွင်း ဒေသခံအချို့သာဝင်ရောက်နေထိုင်နေကြပြီး ဒေသခံများ မိမိတို့နေအိမ်သို့ပြန်လာနေထိုင်ရန် ကရင်အမျိုးသားတပ်မတော် – KNA တပ်ဖွဲ့ဝင်များက ပြောဆိုမှုများလည်းရှိနေသည်ဟု ဒေသခံ အမျိုးသား ၁ ဦးက ဆိုသည်။

“သူတို့ကတော့ ပြည်သူတွေကို ဘာမှမဖြစ်တော့ဘူး လာပြန်နေဆိုပြီးပြောတယ်။ အခုကတော့ ရပ်ကွက်ထဲမှာ လူသိပ်မရှိသေးဘူးလေ။ ကျွန်တော်တို့လည်း အိမ်မှာသာလာပြန်နေရတယ်။ အိပ်ရတာတောင် ခေါင်းမချရဲပါ ဘူး” ဟုဆိုသည်။

လက်ရှိတွင် မြဝတီမြို့၏  မြို့စောင့်တပ် ခလရ – ၂၇၅ကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်ထားပြီး ဘားအံ အခြေစိုက် တပ်မ ၂၂ ကတပ်ဖွဲ့ဝင်များ ယနေ့မနက်ပိုင်းတွင် စစ်အင်အားတိုးချဲ့ရန်ရောက်ရှိနေသည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

ဓာတ်ပုံ – သံလွင်ခက်။

ပုံစာ – မြဝတီမြို့ ရပ်ကွက် ၅ အတွင်းရှိ လက်နက်ကြွင်းကျန်များနှင့် ပျက်စီးနေသည့်နေအိမ်များမြင်ကွင်း။

************

Telegram – >  https://t.me/ThanLwinKhetNews/4454

YouTube -> https://youtu.be/DEtRcu9PBI4

Website -> https://thanlwinkhet.net/?p=9585

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကရင်လက်နက်ကိုင်များနှင့် ကျားဖြန့်အရှုပ်အထွေး
Next Article ရခိုင်ပြည်နယ်တွင် လူမျိုးရေးပဋိပက္ခဖြစ်စေရန် စစ်ကောင်စီဖန်တီးနေ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.