ဖာပွန်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို ပူးပေါင်းတပ်သိမ်းပိုက်
******
နန်းဆုပန်ခန့်
ဧပြီ ၂၆၊ ၂၀၂၄။
ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅ အတွင်းရှိ စစ်တပ်စခန်း ၂ ခုကို ပူးပေါင်တပ်များက ၁ ရက်တည်းသိမ်း ပိုက်နိုင်ခဲ့ပြီး ကရင့်အလံတော်ကိုလွှင့်ထူခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
ဖာပွန်ဒေသအခြေစိုက် ခြေမြန်တပ်ရင်း ခမရ – ၄၃၄ နှင့် စစ်ဝတ်တန်ဆာစုဆောင်းရေးဌာန စစန – ၆၄၂ တပ်စခန်း တို့အား ဧပြီလ ၂၄ ရက် တစ်ရက်တည်းတွင်သိမ်းပိုက်နိုင်ခဲ့သည်ဟု မူတြော်သတင်းစဉ်ကလည်း ယမန်နေ့တွင် ဖော်ပြသည်။
အဆိုပါတပ်စခန်း ၂ ခုအား တိုက်ခိုက်သိမ်းပိုက်ချိန်တွင် လက်နက်ခဲယမ်းတချို့ရရှိခဲ့ပြီး ခမရ – ၄၃၄ တွင် ကရင် အလံအားလွှင့်ထူခဲ့သည်ဟု မြေပြင်ရဲဘော် ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “၄၃၄ မှာ ကရင်အလံကိုတင်ထားလိုက်ပြီနော်။ လက်နက်တွေဆိုရင်လည်း အများကြီးပဲ။ အတိအကျတော့ ကျွန်တော်လည်းမသိဘူး” ဟု ဆိုသည်။
အဆိုပါတပ်စခန်းနှစ်ခုအား မသိမ်းပိုက်ခင်အချိန်နှင့် သိမ်းပိုက်နိုင်ပြီးနောက်တွင်လည်း မူတြော်ခရိုင်အတွင်းရှိ မြို့ နယ် ၃ မြို့နယ်လုံးကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများ ယခင်က ထက် ပိုမိုပြုလုပ်ခဲ့သော်လည်း ပြည်သူတစ်ဦးတစ်ယောက်မျှ သေကြေထိခိုက်မှုမရှိကြောင်း မူတြော်သတင်းက ထုတ်ပြန်သည်။
ယင်းစခန်း ၂ ခုအား ဧပြီ ၂၄ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ် – KNDO စစ်သည်များနှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များဖြစ်ကြသည့် ပြည်သူ့ကာ ကွယ်ရေးတပ် – PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် – BPLA တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။
ဓာတ်ပုံ – ပေးပို့နှင့် မူတြော်သတင်း။
ပုံစာ – ခမရ ၄၃၄ တွင် အလံလွှင့်နေသည့်မြင်ကွင်းနှင့် စခန်းသိမ်းမှုအတွင်း ရရှိသည့်လက်နက်ခဲယမ်းများ။
************
Telegram – > https://t.me/ThanLwinKhetNews/4460
YouTube -> https://youtu.be/DEtRcu9PBI4
Website -> https://thanlwinkhet.net/?p=9603