Browsing: ပြည်တွင်းသတင်း

Loading

ဖေ့စ်ဘွတ်ခ်အစားထိုး Myspace အက်ပလီကေးရှင်း အသုံးပြုပါက ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက် မလုံခြုံနိုင် ******** (စစ်ကောင်စီ၏ Myspace အသုံးမပြုရန် လူထုလှုပ်ရှားမှု တစ်ချို့ အွန်လိုင်းပေါ်တွင် ပြုလုပ်ခဲ့ပြီးနောက် ယနေ့နေ့လည် ၂ နာရီ ဝန်းကျင်တွင် Google Play Store ပေါ်မှ ဖယ်ရှားခံထားရသည်။) စကားမောင် ဇွန် ၄၊…

Read More

Loading

လူသားဒိုင်းအဖြစ် ဖမ်းဆီးခံသူ မြို့ချောင်းအုပ်စု ဒေသခံ (၈) ဦး သတ်ခံရ သဇင် ဇွန် ၄၊၂၀၂၄ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအုပ်စုက လူသားဒိုင်းအဖြစ် ဖမ်းဆီခေါ်ဆောင်ခံရသည့် ဒေသခံ ၂၀ ဦးထဲမှ (၈) ဦးအား စစ်ကောင်စီက မေ ၃၁ ရက်နေ့တွင် သတ်ဖြတ်လိုက်သည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။…

Read More

Loading

မင်းကင်း၊ မတောရွာဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်နေ***** ယမင်းဖူးပွင့်အောင် ဇွန် ၄၊ ၂၀၂၄။ ဇွန် ၃ရက်နေ့ စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာဒေသခံများ မနေ့ကနေစတင်ပြီး ရွာလုံးကျွတ်တိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံက သိရသည်။ လေကြောင်းတိုက်ခိုက်ပြီးနောက် မင်းကင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတောရွာ အနီးတစ်ဝိုက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေတာကြောင့်…

Read More

Loading

စစ်ကောင်စီက ကချင်ပြည်နယ်ရှိ မြစ်ကူးတံတားများကို ဖျက်ဆီး ************* ထွယ် ဇွန် ၄၊ ၂၀၂၄။ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် ကချင်ပြည်နယ်ရှိ မြစ်ကူးတံတားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖျက်ဆီးလျက်ရှိသည်ဟု ဒေသခံများနှင့် ရှေ့တန်းရဲဘော်များထံက သိရသည်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ တာလောကြီးကျေးရွာနှင့် ဗောဆာဒီးကျေးရွာကို ဆက်သွယ်ထားသည့် ဒဘတ်ချောင်းတံတားကို စစ်ကောင်စီတပ်သည် မေ…

Read More

Loading

ရွှေကူဆေးရုံ ဗုံးကြဲခံရမှု ကလေးတစ်ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူများရှိ *********** ထွယ် ဇွန် ၄၊ ၂၀၂၄။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က ဇွန်လ ၁ ရက် သန်းခေါင်အချိန်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံနှင့် လူနေအိမ် တစ်ချို့ ပျက်စီးခဲ့ပြီး ၁၀ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးကာ…

Read More

Loading

ရှမ်းမြောက်တွင် သတ္တုတွင်းပြန်လည်ပတ်ရန် အလုပ်သမားများပြန်လည်ခေါ်ယူမည်ဟု သိရ ******** ယမင်းဖူးပွင့်အောင် ဇွန် ၁၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ဘော်တွင်းဒေသတွင် လာမည့်လအတွင်း လုပ်ငန်းများပြန်လည်စတင်ရန် အလုပ်သမားများ ပြန်လည်ခေါ်ယူနေသည်ဟု ဒေသခံများထံက သိရသည်။ ဘော်တွင်းသတ္တုတွင်းတွင် ယခင်က လုပ်ကိုင်ခဲ့ဖူးသည့် နယ်ဝေးမှ အလုပ်သမားများကို ပြန်လည်ခေါ်ယူနေခြင်းဖြစ်သည်ဟု နမ္မတူဒေသခံ ၁ဦးက…

Read More

Loading

ကျောက်တံခါးက သားမိနှစ်ဦး လက်နက်ကြီးထိမှန်၊ မိခင်ဖြစ်သူသေဆုံး ******** မေသံလွင်။ ဇွန် ၁ ၊ ၂၀၂၄။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောင်ခင်ကျေးရွာက သားမိနှစ်ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး မိခင်ဖြစ်သူ သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် မေလ ၃၁ ရက်…

Read More

Loading

ပုဏ္ဏားကျွန်းနှင့် ပေါက်တောကို စစ်ကောင်စီ ဗုံးကြဲ၊ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရရ ******************* ခင်သရဖီဦး ဇွန် ၁၊၂၀၂၄။ ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ပေါက်တောမြို့နယ်များရှိ ကျေးရွာ တချို့အား ယနေ့ နံနက် ၁၀ နာရီ ခန့်တွင် စစ်ကောင်စီ…

Read More

Loading

စစ်မှုထမ်းရန် လူသစ်စုဆောင်းနေသည့် ပြည်ခရိုင် အုပ်ချုပ်ရေးမှူး၂ ဦး ရှင်းလင်းခံရ *************** သဇင် ဇွန် ၁၊၂၀၂၄။ စစ်ကောင်စီအတွက် စစ်မှုထမ်းရန် တပ်သားသစ်စု​ဆောင်းပေးနေသည့် ပြည်ခရိုင်ရှိ အုပ်ချုပ်ပေးမှူး (၂)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ပြီးခဲ့သည့် မေလ ၃၁ ရက်တွင် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်၊ကြိုပင်အုပ်စုရှိ အုပ်ချုပ်ရေးမှူးနှင့် ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ဓါးသွေးကျောက်အုပ်စု…

Read More

Loading

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်တွေ ဗျိုင်းဖြူ ကျေးရွာသားများ သေဆုံးမှုရှိ ******** ခင်သရဖီဦး ဇွန် ၁၊ ၂၀၂၄။ မေလ ၂၉ ရက်က ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာ ဒေသခံတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံတချို့အား ရွာထဲ၌ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု…

Read More