Browsing: နေ့စဉ်သတင်း

Loading

အောင်ဇေယျစစ်ကြောင်း သင်္ဃန်းညီနောင်နှင့်နီးကပ်လာ ***** နန်းဆုပန်ခန့် မေ ၁၀၊ ၂၀၂၄။ တပ်မ ၅၅ ဦး‌ဆောင်သည့် “ အောင်ဇေယျစစ်ဆင်ရေး “ စစ်ကြောင်းသည် ကော့ကရိတ်မြို့တလျှောက် ချီတက်လာပြီး ယခုအချိန်တွင် သင်္ဃန်းညီနောင်ရောက်ရန် ၅ မိုင်သာလိုတော့သည်ဟု မြေပြင်ရဲဘော်များထံက သိရသည်။ အဆိုပါစစ်ကြောင်းသည် ဧပြီလ ၁၂ ရက်တွင်…

Read More

Loading

ကျိုက်မရော ဘိလပ်မြေစက်ရုံဟောင်းပစ္စည်းများအား အုပ်ချုပ်ရေးမှူးများ ခိုးယူရောင်းချ ******* သဇင် မေ ၁၀၊၂၀၂၄။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (Mawlamyine Cement Limited)  ဘိလပ်မြေစက်ရုံအဟောင်းရှိ စက် ပစ္စည်းများကို ရပ်ရွာအုပ်ချုပ်ရေးမှူးများ ခိုးထုတ်ကာ ရောင်းချနေသည်ဟု ဒေသခံများထံကသိရသည်။ အဆိုပါ ဘိလပ်မြေစက်ရုံသည် လည်ပတ်နိုင်ခြင်းမရှိတော့သည့်အတွက် စက်ရုံအတွင်းကျန်ရှိနေသေးသည့် ကုန်ကြမ်းပစ္စည်းများ၊ စက်ပစ္စည်းအပိုင်းအစများကို…

Read More

Loading

ဧရာဝတီမြစ်ကူးတံတားဖြစ်သည့် ဗလမင်းထင်တံတားအနီး ပစ်ခတ်မှုဖြစ်ပွား ****** ထွယ် မေ ၉၊ ၂၀၂၄။ ကချင်ပြည်နယ်တွင်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ယနေ့မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်တွင် မြစ်ကြီးနား – ဝိုင်းမော်ကို ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးတံ တားကြီး ဗလမင်းထင်တံတားအနီး၌ သေနတ်သံနှင့် လက်နက်ကြီးသံများ ကြားနေရသည်ဟု…

Read More

Loading

ပုဏ္ဏားကျွန်းရှိကျေးရွာတချို့တွင် သောက်သုံးရေ ပြတ်လပ်နေသည်မှာ ၂ လကျော်လာ ******** ခင်သရဖီဦး မေ ၉၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတချို့တွင် စစ်ဘေးရှောင် လူဦးရေများပြားစွာ ခိုလှုံနေကြသည့်အတွက် ရေမလုံမလောက်ဖြစ်ကာ သောက်သုံးရေ အခက်အခဲများရှိနေသည်ဟု ဒေသခံများထံက သိရသည်။ ပုဏ္ဏားကျွန်းမြို့နယ်ရှိကျေးရွာများဖြစ်သည့် သရက်ချို၊ ပန်းနီလာ၊ ယိုးတရုတ် ၊…

Read More

Loading

သရက်ချောင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံး ****** သဇင် မေ ၉၊၂၀၂၄။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာအား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၂ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ယမန့်နေ့ မေလ ၈ရက်၊ ညနေ…

Read More

Loading

ဝိုင်းမော်မြို့နယ်က တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ *************** ထွယ် မေ ၉၊ ၂၀၂၄။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ကျေးရွာရှိ တံတားအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ညတွင် ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ အဆိုပါ ဒဘတ်ချောင်းကူးတံတားသည် မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးပေါ်တွင်တည်ရှိပြီး ပေ ၁၀၀ ကျော်ရှည်သည့် ချောင်းကူးတံတားဖြစ်သည်ဟု…

Read More

Loading

Mi-17 ရဟတ်ယာဉ်ပစ်ချခံရမှု ၈ ဦးသေဆုံး ******* သဇင် မေ ၉၊၂၀၂၄။ ပြီးခဲ့သောမေလ ၆ ရက်တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကပစ်ချနိုင်ခဲ့သည့် စစ်ကောင်စီ၏ Mi-17 သယ် ယူပို့ဆောင်ရေးရဟတ်ယာဉ်ပျက်ကျမှုတွင် စစ်ကောင်စီအဖွဲ့ဝင် ၈ သေဆုံးခဲ့သည်ဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က သံလွင်ခက်ကိုပြောသည်။…

Read More

Loading

အလောင်းတော်ကဿပနယ်မြေတွင်း သစ်ခိုးထုတ်မှုပြဿနာ ပူးပေါင်းဖြေရှင်းဖို့လို **** ယမင်းဖူးပွင့်အောင် မေ ၉၊ ၂၀၂၄။ မြန်မာနိုင်ငံ၏ အကြီးဆုံးအမျိုးသားဥယျာဉ်ဖြစ်သည့် အလောင်းတော်ကဿပသစ်တောကြိုးဝိုင်းအတွင်း တရားမဝင်သစ်ခိုးထုတ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယင်းအခြေအနေကို နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များအားလုံး ပူးပေါင်းဖြေရှင်းရန်လိုအပ်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ အလောင်းတော်ကဿပသစ်တောကြိုးဝိုင်းသည် စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မင်းကင်းစသည့် မြို့နယ် ၄…

Read More

Loading

မြဝတီတွင် UID ယာယီကတ်ပြုလုပ်မှု ရပ်ဆိုင်းထားပြန် ******** စကားမောင် မေ ၈ ၊ ၂၀၂၄။ မြဝတီမြို့ လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးတွင် သီးသန့် အထောက်အထား(UID) ကတ်ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းကစ၍ ယာယီရပ်ဆိုင်းထားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနက မေလ ၁ ရက်ကစ၍…

Read More

Loading

ယင်းမာပင်ဒေသခံများ သောက်သုံးရေရှားပါးနေ ****** စကားမောင် မေ ၈ ၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ရှိ ကျေးရွာများတွင် ရာ သီဥတုပူပြင်းလာသဖြင့် မြစ်ချောင်းများခြောက်ခမ်းလာသောကြောင့် သောက်သုံးရေရှားပါးနေသည်ဟု ဒေသခံများထံက သိရသည်။ ဧပြီလတွင် မြန်မာနိုင်ငံနေရာ အနှံ့အပြား၌ အပူချိန်အလွန်အမင်းမြင့်တက်ခဲ့ပြီး ကျေးရွာများရှိ သက်ကြီးရွယ်အိုများ သေဆုံးမှုရှိခဲ့ကာ ရာသီဥတုပူ​ပြင်းလွန်းလာ ခြင်းကိုကြိုဆင်ရန်ကလည်း…

Read More