• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်
  • ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)
  • စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား
  • နယ်စပ်၌ ARSA နှင့် RSO အန္တရာယ်ရှိနေ၍ လုံခြုံရေး တိုးမြှင့်မည်ဟု AA ထုတ်ပြန်
  • စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကူညီမည်ဟု DKBA အဖွဲ့တစ်ခု ထုတ်ပြန်
  • မွန်လက်နက်ကိုင်နှစ်ဖွဲ့ မဟာမိတ်ဖွဲ့၊ စစ်အာဏာရှင်စနစ်ကို ပူးပေါင်းတိုက်ထုတ်မည်
  • မောင်တောနယ်စပ် လူပြတ်သည့်နေရာများသို့ တစ်ဦးတည်း သွားလာခြင်းမပြုရန် AA သတိပေး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»မလည်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ
တိုက်ပွဲသတင်း

မလည်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

thanlwinkhetBy thanlwinkhetMay 11, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မလည်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

******

ယမင်းဖူးပွင့်အောင်

မေ ၁၁၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ပြီးခဲ့သည့် မေလ ၇ ရက်တွင် ကန့်ဘလူမြို့နယ် မလည်ကျေးရွာရှိ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး လက်လုပ်သေနတ်အပါအဝင် လက်နက်ငယ် ၁၄ လက်၊ ကျည်မျိုးစုံ ၇၀၀ ကျော်၊ ကျည်အိမ် ၁၁ ခု၊ လက်ပစ်ဗုံး ၁လုံး၊ အီနာဂါ ၆ လုံး၊ Jammer ၁ ခု၊ Equipment ၄ ခု၊ ယူနီဖောင်း ၃ စုံနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု အမှတ်-၁ စစ်ဒေသက ယနေ့နံနက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၊ ရဲ နှင့် ပျူစောထီးအဖွဲ့ အခြေချစခန်းကို ကန့်ဘလူခရိုင် တပ်ရင်း (၂၊ ၃)၊ ရွှေဘိုခရိုင် တပ်ရင်း – ၃၊ အမှတ် ၅၁၀ တပ်ရင်းတို့က သွားရောက်တိုက်ခိုက်ခဲ့ပြီး ကန့်ဘလူမြို့နယ် ပကဖနှင့် ခင်ဦးမြို့နယ် ပလဖ တို့ကလည်း ထောက်ပို့နှင့် ဖြတ်တောက်ရေး ပါဝင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မတော်တန်းမြင့်လေ့ ကျင့် ရေးကျောင်း တတက – ၁၃ က လက်နက်ကြီးအလုံး ၆၀ ကျော်ပစ်ခတ်ခဲ့ပြီး ပြင်ဦးလွင် (အနီးစခန်း) က Mi-35 တစ်စီးဖြင့် လေကြောင်းပစ်ခတ်မှု ၁၀ ကြိမ်ပြု လုပ်ခဲ့သည်။

ထို့ပြင် တံတားဦးက Jet Fighter ၁ စီးဖြင့် ၄ ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး Y-12 ဖြင့် ဗုံးအလုံး ၆၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာကျေးရွာရှိ စစ်ကောင်စီ အင်အား ၇၀ ခန့်ကလည်း  ကျောက်လုံးကြီးရွာကို ရေကြောင်းဖြင့်လာရောက်စစ်ကူပေးခဲ့သဖြင့် တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁၀ ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကန့်ဘလူတိုက်နယ် ပကဖ ရဲဘော် ၁ ဦးက” တိုက်ပွဲထဲမှာ ကျတာလည်းရှိတယ်။ လေကြောင်းနဲ့လာပစ်တော့ ထပ်ကျတာလည်းရှိတယ်”ဟု သံလွင်ခက်ကိုပြောသည်။

ယမန်နေ့နံနက်ပိုင်းကလည်း မလည်ကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့မှုကြောင့် မလည်ကျေး ရွာရှိ ဒေသခံပြည်သူများ ရွာလုံးကျွတ် နေရပ်စွန့်ခွာတိမ်း ရှောင်နေရပြီး အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ ရွာခန့်က ပြည်သူများ တိမ်းရှောင်နေကြရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အမှတ် ၁ စစ်ဒေသ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီက မလည်ကျေးရွာ၌ အထိုင်ချတပ်စွဲနေပြီး အင်အား ၁၀၀ ခန့် ထပ်မံဖြည့် တင်းထားကာ အနီးဝန်းကျင်ရှိကျေးရွာများကို စစ် ကြောင်းထိုးဝင်ရောက်လျက်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ဓာတ်ပုံ – အမှတ် ၁ စစ်ဒေသ။

****

Telegram – > https://t.me/ThanLwinKhetNews/4572

YouTube -> https://youtu.be/b23CL15_vH0

Website -> https://thanlwinkhet.net/?p=9904

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရှမ်း/မြောက် လေပြင်းနှင့် မိုးသီးကြောင့် နေအိမ်၊ တောင်ယာများပျက်စီး
Next Article ဘီးလင်း ကျုံအိတ်တံတားပြိုကျ၍ ခရီးသည်များအခက်ကြုံနေ
thanlwinkhet
  • Website

Related Posts

ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်

September 20, 2025

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

September 20, 2025

စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

September 20, 2025

Leave A Reply Cancel Reply

Recent Posts

  • ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်
  • ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)
  • စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား
  • နယ်စပ်၌ ARSA နှင့် RSO အန္တရာယ်ရှိနေ၍ လုံခြုံရေး တိုးမြှင့်မည်ဟု AA ထုတ်ပြန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ရာမညမွန်တပ်နှင့် မဟာမိတ်များ ဝင်တိုက်ခိုက်

September 20, 2025

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

September 20, 2025

စစ်ဒေသ (၁) လေးနှစ်ပြည့်နေ့တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

September 20, 2025

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုဖြစ်နိုင်ခြေရှိ၍ ထိုင်းအာဏာပိုင်များ ရေအမြောက်ကားများ ကြိုတင်ချထား

September 20, 2025

နယ်စပ်၌ ARSA နှင့် RSO အန္တရာယ်ရှိနေ၍ လုံခြုံရေး တိုးမြှင့်မည်ဟု AA ထုတ်ပြန်

September 20, 2025

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကူညီမည်ဟု DKBA အဖွဲ့တစ်ခု ထုတ်ပြန်

September 20, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.