• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»အောင်ဇေယျစစ်ကြောင်း သင်္ဃန်းညီနောင်နှင့်နီးကပ်လာ
တိုက်ပွဲသတင်း

အောင်ဇေယျစစ်ကြောင်း သင်္ဃန်းညီနောင်နှင့်နီးကပ်လာ

thanlwinkhetBy thanlwinkhetMay 10, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

အောင်ဇေယျစစ်ကြောင်း သင်္ဃန်းညီနောင်နှင့်နီးကပ်လာ

*****

နန်းဆုပန်ခန့်
မေ ၁၀၊ ၂၀၂၄။

တပ်မ ၅၅ ဦး‌ဆောင်သည့် “ အောင်ဇေယျစစ်ဆင်ရေး “ စစ်ကြောင်းသည် ကော့ကရိတ်မြို့တလျှောက် ချီတက်လာပြီး ယခုအချိန်တွင် သင်္ဃန်းညီနောင်ရောက်ရန် ၅ မိုင်သာလိုတော့သည်ဟု မြေပြင်ရဲဘော်များထံက သိရသည်။

အဆိုပါစစ်ကြောင်းသည် ဧပြီလ ၁၂ ရက်တွင် ကော့ကရိတ်မြို့သို့ရောက်ရှိပြီး ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် အာရှလမ်းဘေးနေရာများကို အင်အားအလုံး အရင်းဖြင့် တိုက်ခိုက်သိမ်းပိုက်ကာ ညနေပိုင်းမှာတော့ ပူးပေါင်းတပ်များက အာရှလမ်းနှင့် နီးကပ်သည့်နေရာတချို့ကို လက်လွှတ်ခဲ့ရသည်။

ဧပြီလ ၁၃ ရက်တွင်မူ ကော့ကရိတ်အာရှလမ်းဘေးရှိ ကော့နွှဲကျေးရွာသို့ရောက်ရှိကာ မြဝတီသို့ဦးတည်ပြီး ယခုလက်ရှိ တစ်လနီးပါးအကြာတွင် မြဝတီမြို့အနီး သင်္ဃန်းညီနောင်ရောက်ရှိရန် ၅ မိုင်သာလိုတော့သည်ဟု အောင်ဇေယျစစ်ကြောင်းနှင့် ထိတွေ့နေသည့်ရဲဘော် ၁ ဦးက သံလွင်ခက်ကိုပြောသည်။

၎င်းက “ အာရှလမ်းပေါ်က တက်တဲ့အဖွဲ့ကတော့ တောနော်နားကနေ ဆက်တိုးမရသေးဘူး။ အဲ့တောင်ကြောတွေ တောလမ်းတွေထဲကနေတိုးနေတဲ့ စစ်ကြောင်းတွေကပဲ တစ်ကုန်းရရင် တစ်ကုန်း တစ်တောင်ရရင် တစ်တောင်တိုးနေတာ။ အဲ့နေ့က ဆုတ်ခဲ့တဲ့ကုန်းကနေ ၃၅၅ ထိဆိုရင်တော့ ၅ မိုင်လောက်ပဲ ကျန်တော့တယ်” ဟုဆိုသည်။

အောင်ဇေယျစစ်ကြောင်းသည် ကော့ကရိတ် – မြဝတီ အာရှလမ်းမအတိုင်း စစ်ကြောင်းတစ်ကြောင်းနှင့် အာရှလမ်း၏ ဘယ်ဘက်နှင့်ညာဘက်တွင် စစ်ကြောင်း တစ်ကြောင်းဆီဖြင့် တောလမ်းအတိုင်း မြဝတီသို့ ချီတက်လာခြင်းဖြစ်သည်။

တောလမ်းအတိုင်းတက်လာသည့် စစ်ကြောင်းသည် ပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ၎င်းတို့၏ လေယာဉ်၊ လက်နက်ကြီး သာလွန်အင်အားများဖြင့် ချီတက်လာနေသည်ဟု အဆိုပါရဲဘော်က ဆက်ပြောသည်။

၎င်းက “ သူတို့မှာ ဆုတ်မိန့်မရှိဘူး။ သူတို့ဒီတစ်ကုန်းကိုတိုးတော့မယ်ဆိုရင် အရင်ပစ်တာ JetFighter တွေ ဟောင်ဝစ်ဇာတွေ မစ်ဇိုင်းတွေ လက်နက်ကြီးတွေနဲ့ ပြီးရင်ကင်းထောက်တယ်။ Y12နဲ့ ကြွေမွနေအောင် ဗုံးကြဲတယ်။ ပြီးမှ ထိုးတက်တာ။ တစ်ခေါက်ပစ်ချတယ်။ အပုံလိုက်ကျတယ်။ ပြန်လန်သွားတယ်။ သိပ်မကြာခင် နောက်တစ်ခါထပ်တိုးတယ်” ဟု ဆိုသည်။

ပူးပေါင်းတပ်ဘက်က တောလမ်းမှလာသည့် စစ်ကြောင်းနှင့်နေ့စဉ်ရင်ဆိုင်နေရပြီး မေလ ၄ ရက်တွင် ဒေါနတောင်ပေါ် တောနောရေတံခွန်အကျော် ဘုရားကုန်းစခန်းကနေ ဆုတ်ခွာပေးလိုက်ရသည်။

မြဝတီမြို့အနီးသင်္ဃန်းညီနောင်တိုက်ပွဲစတင်ခဲ့သည့် မတ်လ ၇ ရက်အပါအဝင် လက်ရှိ အောင်ဇေယျစ စ်ကြောင်းကို တိုက်ခိုက်နေသည့်ကာလအတွင်း၌ တောင်ပိုင်းတိုင်း အမှတ် ၃၂ ဗျူဟာ လက်အောက်ရှိ ကော်ဘရာစစ်ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့က တပ်ဖွဲ့ဝင် ၂၀ ကျော် ကျဆုံးခဲ့ရသည်။

အဆိုပါကျဆုံးမှုများတွင် ကော်ဘရာစစ်ကြောင်းက တပ်ခွဲမှူးအဆင့်ရှိ ခေါင်းဆောင်တချို့လည်း ပါဝင်ကာ ကော်ဘရာစစ်ကြောင်းတပ်ခွဲ ၃ က တပ်ခွဲမှူး ကိုထူးဖော၊ ဒုတပ်ခွဲမှူး ကိုဂျွန်နှင့် ကျားသစ်နက်စစ်ကြောင်းက တပ်ခွဲမှူး ကိုနေမင်းမိုး တို့ကျဆုံးခဲ့သည်။

စစ်ကောင်စီစစ်ကြောင်းသည် တော်လှန်ရေးပူးပေါင်းတပ်များနှင့် လက်ရှိအချိန်ထိ တိုက်ပွဲရင်ဆိုင်နေရဆဲဖြစ်သည်။

ဇန်နဝါရီ ၄ ရက်တွင် တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း အပါအဝင် တပ်ဖွဲ့ဝင် ၈၀၀ နီးပါး ရှမ်း ပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသမှာလက်နက်ချခဲ့သည်။

လက်နက်ချရန်သဘောတူညီခဲ့သည့် ဗိုလ်မှူးချုပ် ၆ ယောက်ကို ကြီးလေသည့်ပြစ်ဒဏ်များချမှတ်ခဲ့​ပြီး ယင်း အနက်က ၅ ယောက်မှာ သေဒဏ်ချမှတ်ခံရခြင်းရှိသော် လည်း ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း ကိုမူ ယခုလက်ရှိ တပ်မ ၅၅ ၏အရန်အင်အားအဖြစ် ပြောင်းရွှေ့ခဲ့သည်။

ယခုလက်ရှိ တပ်မ ၅၅ တပ်မမှူးသည် စစ်ကောင်စီက ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့်ပေးထားသည့် ဗိုလ်မှူးကြီး အောင်စိုးမင်း ဖြစ်သည်။

အောင်ဇေယျစစ်ကြောင်းသာ မြဝတီမြို့သို့ရောက်ရှိလာလျှင် ဒေသခံပြည်သူလူထုဖိနှိပ်ခံရမှုများသည် ယခင် မြဝတီမြို့အနီးရှိ တပ်ရင်းများသိမ်းမရခင်အခြေအနေလို ပြန်ရှိလာမည်ဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင် ၁ ဦးကဆိုသည်။

၎င်းက “ ဒေသခံတွေအတွက်ကတော့ ဆိုးကျိုးတွေရှိလာနိုင်တယ်။ ဒီစစ်ကောင်စီပြန်ရောက်လာမယ်ဆိုရင်တော့ သူတို့ရဲ့ဖိနှိပ်တာတွေ၊ သူတို့အနိုင်ကျင့်တာတွေ ရှိလာနိုင်တာပေါ့။ BGF ကလည်း သူတို့ကိုယ်ကျိုးစီးပွားကို ထိ ခိုက်လာရင် ပြည်သူတွေကိုလည်း သူတို့ကာကွယ်ပေးမှာမဟုတ်ဘူးလေ “ ဟုဆိုသည်။

ကော့ကရိတ်မှ မြဝတီမြို့သို့ချီတက်လာသည့် အောင်ဇေယျစစ်ကြောင်းသည် လက်ရှိတွင် အင်အား ၃၀၀ နီးပါး ထိခိုက်သေဆုံးသွားပြီဟုသိရသည်။

ဓာတ်ပုံ – ပေးပို့

ပုံစာ – ကြားဖြတ်တိုက်ခိုက်မှုအတွင်း ပျက်စီးသွားသည့် စစ်ကောင်စီကားတချို့။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကျိုက်မရော ဘိလပ်မြေစက်ရုံဟောင်းပစ္စည်းများအား အုပ်ချုပ်ရေးမှူးများ ခိုးယူရောင်းချ
Next Article တောင်ငူလေတပ်စခန်းအား ရှော့ဒုံးများဖြင့် ဒုတိယအကြိမ်ပစ်ခတ်
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.