မူဆလင် (ရိုဟင်ဂျာ) များကို ကူညီနေသည့် ပုံများ AA စစ်ဦးစီးချုပ်ထုတ်ပြန်
*****
သံလွင်ခက်
မေ ၁၁၊ ၂၀၂၄။
အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များက မူဆလင် ( ရိုဟင်ဂျာ)များကိုကူညီနေသည့်ပုံများ AA စစ်ဦးစီးချုပ် ဗိုလ် ချုပ် ထွန်းမြတ်နိုင် က ၎င်း၏ တွစ်တာ စာမျက်နှာက တဆင့်ထုတ်ပြန်ခဲ့သည်။
“ ကိုယ်ကျိုးရှာပြီး မိမိအကျိုးစီးပွားအတွက် တက်ကြွလှုပ်ရှားသူများနှင့် ကိုယ်ကျိုးစီးပွားကို သစ္စာစောင့်သိသော လက်ကိုင်တုတ်များက ပြင်းထန်စွာ ထိုးနှက်နေသော်လည်း စစ်မှန်သော သူရဲကောင်းများအနေဖြင့် ၎င်းတို့၏လမ်းစဉ်အတွက် မကြောက်မရွံ့သောစိတ် တာဝန် ကျေပွန်သောစိတ်ဖြင့် အောင်ပွဲခံရန် ခိုင်မြဲစွာသန္နိဋ္ဌာန်ချထားကြောင်း၊ ၎င်းတို့သည် အမိမြေကိုခုခံကာကွယ်ကြမည့် စစ်မှန်သော သူရဲကောင်းများဖြစ်သည်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ၎င်း၏ တွစ်တာစာမျက်နှာတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်။
မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေသည့် ဘူးသီးတောင်၊ မောင်တောဒေသများတွင် အရှုံးဖြင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် မတ်လတတိယပတ်တွင်လည်း ဘူးသီးတောင် မြို့ပေါ်တွင် မူဆလင်(ရိုဟင်ဂျာ)များက AA အလိုမရှိ ၊ တိုက်ပွဲအလိုမရှိ၊ ဘူးသီးတောင်ကို ကာကွယ်ကြ စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါဆန္ဒပြပွဲများသည် စစ်ကောင်စီ၏ ဖိအားပေးစေ ခိုင်းမှုကြောင့်ဖြစ်ပြီး လူမျိုးရေးပဋိပက္ခများဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
****
Telegram – > https://t.me/ThanLwinKhetNews/4569
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9894