ခွန်ဆုန်း (CJ) ဇူလိုင် ၂၀၊ ၂၀၂၄ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က ရဲစခန်းကို CDF-ဟားခါးတပ်ဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၆၇ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီကနေ့မနက်အာရုံတက်ချိန်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ ရဲတပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။…