သံလွင်ခက်
ဇူလိုင် ၂၇၊ ၂၀၂၄
ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၅၀ ကျော် ဝမ်းပျက်ဝမ်းလျောရောဂါခံစားရနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်သည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်မွေးနေ့အဖြစ် အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်နှင့် ထောင်အာဏာပိုင်များမှကျွေးသည့် ကြက်သားနှင့် ပဲဟင်းအသိုးများကို စောတကတက်ခွင့်မရှိဘဲ စားသောက်ခဲ့ရခြင်းကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ခဲ့ရသည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်အထိ နေ့စဉ်အကျဉ်းသား ငါးဦးမှ ၁၀ ဦး အထိ ကူးဆက်ရောဂါခံစားခဲ့ရပြီး ဝမ်းပျက် ဝမ်းလျောရောဂါခံစားရသူ အနည်းဆုံး (၁၅၀) ဝန်းကျင်ခန့်ရှိသည်ဟု ဖော်ပြထားသည်။
ထို့အပြင် ဝမ်းပျက်ဝမ်းလျောရောဂါခံစားရသူတွေကို လုံလောက်သည့် ဆေးဝါးများပေးနိုင်ခြင်းမရှိဘဲ မိသားစုဝင်များပေးပို့သည့် အစားအသောက်များကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်သည်ဟုဆိုကာ ထောင်ဝင်စားပေးပို့ခြင်းကို ကန့်သန့်ခဲ့သည်ဟု ဖော်ပြထားသည်။
ဓာတ်ပုံ – PPNM