(တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့မှ ပထမဆုံး သိမ်းပိုက်နိုင်သည့် တိုင်းစစ်ဌာနချုပ်ဖြစ်လာ)
ယမင်းဖူးပွင့်အောင်
ဇူလိုင် ၂၅၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA က သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု ထုတ်ပြန်လိုက်သည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် လားရှိုးမြို့ကို ၂၃ ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် MNDAA တပ်မတော်မှ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ယနေ့ ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝသိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
ထုတ်ပြန်ချက်တွင် လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေးလှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲ တစ်ခုဖြစ်သည်ဟု MNDAA ရှေ့တန်းစစ်ဌာနချုပ်က ကြေညာထားသည်။