သံလွင်ခက် သြဂုတ် ၂၉၊ ၂၀၂၄။ ပဲခူးတိုင်းအနောက်ပိုင်း၊ လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ရာ တပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်သား ၂၀ ကျော်သေဆုံးခဲ့သည်ဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက် ညနေပိုင်းတွင် တောင်တန်းမြိုင်ကျေးရွာအနီးတွင် အင်အား ၁၀၀…