သံလွင်ခက်။
စက်တင်ဘာ ၅ ၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအုပ်စုရှိ စစ်ကောင်စီ အမြောက်တပ်စ ခန်း ၄ ခုဝန်းကျင်တွင် တိုက်ပွဲများပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုများပြားနေသည် ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်သည့်ရုပ်သံအရ သိရသည်။
စက်တင်ဘာလ ပထမပတ်အတွင်း ကျောက်မဲနှင့် နောင်ချိုမြို့နယ်တောင်ခမ်း ကျေးရွာအုပ်စု (စကစ) အမြှောက်တပ် ၂၀၆၊ ၃၅၄၊ ၄၀၆၊ ၉၀၂ တို့တွင် ဖြစ်ပွားနေသာ တိုက်ပွဲမှတ်တမ်းများကို TNLA က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ပွဲကို စစ်ဦးစီးမှူး ဒုတိယဗိုလ်မှူးကြီး တားမဝေါနှင့် တပ်မဟာမှူး ၆ ဒုတိယ ဗိုလ်မှူးကြီးတာ မောရှန်တို့ ဦးစီးခဲ့သည်ဟု ဆိုထားသည်။
အဆိုပါ ရုပ်သံဖိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးနေသည့်အလောင်းများအပြင် သိမ်းဆည်းရမိ သည့် လက်နက်ခဲယမ်းများကိုလည်း ဖော်ပြထားသည်။
ထို့ပြင် နောင်ချိုမြို့နယ် တောင်ခမ်း တောင်ရှည်တိုက်ပွဲတွင် TNLA က စစ်ကောင်စီထံက သိမ်းဆည်းရ မိသော သံချပ်ကာကား ၂ စီးကိုစစ်ကူယာဉ်များအဖြစ် အသုံးပြုခဲ့သည်ကို ရုပ်သံဖိုင်၌ဖော်ပြထားသည်။
တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ်စခန်း (၂)ခု ဖြစ်သည့် အမတ (၄၀၆)နှင့် အမတ (၂၀၆)တိုကို သြဂုတ်လ(၂၈)ရက်တွင် TNLA က သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။