သံလွင်ခက်။
စက်တင်ဘာ ၅ ၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဩဂုတ်လ တစ်လတာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ-မူတြော် သတင်းစဉ်က ယနေ့တွင် ထုတ်ပြန်သည်။
သြဂုတ်လ ၁ ရက် မှ ၃၁ ရက် တစ်လတာအတွင်း KNLA – အမှတ် ၅ တပ်ဖွဲ့ဝင်များ ၊ ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား တိုက်ပွဲပေါင်း ၁၁၅ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးကာ ၁၃ ဦးထိခိုက်ဒဏ်ရာရရှခဲ့ပြီး KNLA ပူးပေါင်းတပ်ဘက်က ထိခိုက်မှု မရှိခဲ့ဟု မူတြော် သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။
တစ်လတာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး အလုံးရေ ၂၂ လုံးပစ်ခတ်ခဲ့ပြီး ပြည်သူတစ်ဦးနှင့် နွားတစ်ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ – KNLA တပ်ဖွဲ့ဝင်များ ( ဓာတ်ပုံ – KNU )။