သံလွင်ခက်
စက်တင်ဘာ ၄ ၊၂၀၂၄။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တပ်သားသစ်စုဆောင်းခံရသည့် စစ်မှုထမ်းအပတ်စဉ် ၂ မှ တပ်သား ၁ ဦးသည် တနင်္သာရီ ပ.က.ဖ ထံ စက်တင်ဘာ ၃ ရက်က လာရောက်ခိုလှုံခဲ့သည်ဟု ယင်းအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါတပ်သား မင်းခန့်သည် ဟင်္သာတမြို့နယ်၊ ဇရပ်ကွင်းအုပ်စုတွင်နေထိုင်သူဖြစ်ပြီး လမ်းခရီးတစ်နေရာတွင် စစ်ကောင်စီ၏ အဓမ္မတပ်သားစုဆောင်းခြင်းခံခဲ့ရသူဖြစ်သည်။ ထို့နောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကက (၆) ဟင်္သာတတွင် စစ်သင်တန်း ၆ လကြာ တက်ရောက်ခဲ့ပြီး စစ်ကောင်စီ ၁၀၁ တပ်ရင်းမှ တပ်သားသစ်အဖြစ် ရှေ့တန်းပို့ဆောင်ခံခဲ့ရသည်ဟု သူကထွက်ဆိုထားကြောင်း ဖော်ပြထားသည်။
ယင်းနောက် စက်တင်ဘာလတွင် မြိတ်ခရိုင် ၊ တနင်္သာရီမြို့နယ် ဇဝဲရွာအခြေစိုက် ၅၅၆ တပ်ရင်းအနီးသို့ စစ်ကြောင်းထိုးလာချိန် ရှေ့တန်းစစ်မြေပြင် တစ်နေရာ၌ အခွင့်အရေးရချိန်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တနင်္သာရီ ပ.က.ဖထံ လာရောက်ခိုလှုံခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း တနင်္သာရီတော်လှန်ရေးတပ်ဖွဲ့များထံ စစ်ကောင်စီတပ်သား ၃ ဦး ဝင်ရောက်ခိုလှုံခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ-တနင်္သာရီမြို့နယ် ပကဖ။