နန်းဆုပန်ခန့် စက်တင်ဘာ ၅၊ ၂၀၂၄။ ကရင်ပြည်နယ်၊ ကော့ကရိတ် – မြဝတီအာရှလမ်းရှိ အောင်ဇေယျစစ်ကြောင်းသည် ဗျူဟာပြောင်းပြီး ပူးပေါင်းတပ်ဖွဲ့များ အထိုင်ချထားသည့် ကာကင်းစခန်းများကို ပြန်လည်ထိုးစစ်ဆင်နေသည်ဟု ပူးပေါင်းတပ်ထံက သိရသည်။ ယမန်နေ့တွင် အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများနှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်- KNLA ပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိသည်ဟု မြေပြင်ရဲဘော်တာဝန်ရှိသူတစ်ဦးက…