စစ်ကောင်စီတပ်က ပင်လောင်းမြို့နယ်ရှိ အရပ်သားပြည်သူများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာအမျိုးသမီးထိမှန်သေဆုံးခဲ့သည်ဟု ယနေ့တွင် KNDFက သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပင်လောင်းမြို့နယ် တောင်စလုံး၊မြောက်စလုံးနှင့်ကောင်မဲတင်းကျေးရွာများသို့ စစ်ကောင်စီတပ်၏ ဖယ်ခုံမြို့အခြေစိုက် စကခ (၇) မှ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်စလုံးကျေးရွာနေ အသက် ၄၆နှစ်အရွယ်အမျိုးသမီးတစ်ဦး…