• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
  • “အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်
  • ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ
  • ဖားအံထောင်မှ အကျဉ်းသား ၃၈ ဦးကို KNU လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်
  • နတ်မောက်အရှေ့ခြမ်း တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး
  • မတ်လအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အမျိုးသမီး ၁၄၀ ကျော်ထိခိုက်သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»စစ်ရှောင် ၄၀၀၀ ကျော်နှင့် ထီးကပလယ်စစ်ကောင်စီစခန်းကုန်းသိမ်းတိုက်ပွဲ
တိုက်ပွဲသတင်း

စစ်ရှောင် ၄၀၀၀ ကျော်နှင့် ထီးကပလယ်စစ်ကောင်စီစခန်းကုန်းသိမ်းတိုက်ပွဲ

thanlwinkhetBy thanlwinkhetFebruary 25, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ ၆ နယ်မြေအတွင်းရှိ မြဝတီခရိုင်၊ စုကလိမြို့နယ် ထီးကပလယ်စစ်ကောင်စီစခန်းကုန်းကို ကရင်တော်လှန်ရေးတပ်များနှင့် PDF များပူးပေါင်း တိုက်ခိုက်ခဲ့သည်။

အဆိုပါစခန်းကုန်းကို ယခုလ ဖေဖော်ဝါရီ၈ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိချိန်ထိသိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ စစ်ရေးတင်းမာနေသည်။

” အဲ့စခန်းက အချက်အချာကျတယ်။ တောင်ကုန်းနှစ်ကုန်းဆက်ထားတာ။ တောင်ကတက်ရတဲ့နေရာက အရမ်းမတ်စောက်တယ်။ စခန်းခြံစည်းရိုးမရောက်ခင် သတ်ကွင်းတစ်ခုရှိတယ်။ ကျွန်တော်တို့တက်တာ ခြံစည်းရိုးနားထိရောက်တယ်။ ဒါပေမယ့် တောင်ကုန်းနှစ်ခုကြား သတ်ကွင်းထဲရောက်သွားတယ်။ နှစ်ဖက်ညှပ်ပစ်ခံရတော့ ပြန်ဆုတ်ခဲ့ရတယ် “ဟု KTLA ဌာနချုပ်တပ်ရင်းအဖွဲ့မှ အထူးကွန်မန်ဒိုရဲဘော်တစ်ဦးက သံလွင်ခက်ကိုပြောသည်။

ထိုစစ်ကောင်စီစခန်းကုန်းသည် ခြံစည်းရိုးသုံးထပ်ကာရံထားပြီး ပထမနှင့်ဒုတိယခြံစည်းရိုးတို့တွင် မိုင်းများထောင်ထားသည်။

ထို့ပြင် တတိယခြံစည်းရိုးတွင်လည်း ဆက်သွယ်ရေးမြောင်း၊ ကတုတ်ကျင်း နှင့် Over Head တို့ရှိပြီး ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်က အကာအကွယ်များကြား၌ ကောင်းကောင်းနေရာယူထားသည်ဟု ၎င်းကပြောသည်။

ထီကပလယ် စစ်ကောင်စီစခန်းကုန်းကို ကော်သူးလေတပ်မတော် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings၊  ဆင်ဖြူစစ်ကြောင်း၊ VENOM စစ်ကြောင်း၊ Tiger စစ်ကြောင်း၊ Freedom Fighter စစ်ကြောင်း၊ KNLA (၁၀၃) တပ်ရင်း၊KNDO နှင့် PDF စသည့်မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ထိုစခန်းကုန်းကိုတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူလာရောက်ခဲ့သည့်အပြင်စခန်း၏အနောက်ဘက် နောက်ကုန်းပေါ်မှ လက်နက်ကြီးများတပ်ဆင်ထားသည့် စစ်ကောင်စီတပ်ကလည်းလက်နက်ကြီးများဖြင့် အပေါ်စီးမှနေ၍ တောက်လျောက်ပစ်ကူပေးခဲ့သည်။

” လက်နက်ကြီးကတော့ လေယာဥ်နဲ့သယ်လာတာ နှစ်လက်ရောက်လာတယ်။ ဝေါလေဗျူဟာကုန်းကိုပေါ့နော်။ အဲ့ဒီလက်နက်ကြီးတွေနဲ့လည်းတောက်လျောက်လိုက်ပစ်တယ်ပေါ့ ။ နောက် ကိုယ့်ဘက်ကလည်း နည်းနည်းနားလည်မှုလွဲနေတာလည်းရှိတယ်။ အဲဒါတွေ ပြန်ပြုပြင်ရအုံးမှာပေါ့။ အခုက အခြေအနေစောင့်ကြည့်နေတယ် ” ဟု လက်ရှိစခန်းကုန်းတိုက်ပွဲ အခြေအနေကို ဆင်ဖြူစစ်ကြောင်းမှူး ဗိုလ်စလုံးက ယနေ့တွင် ပြောသည်။

ထို့ကြောင့် ပူးပေါင်းတပ်များမှာ ထီးကပလယ်စခန်းကုန်းကို သိမ်းပိုက်နိုင်ရန်ခက်ခဲနေခဲ့သည့်အပြင် ထိုစခန်းကိုတပ်များစုပေါင်း၍ တိုက်ခိုက်နေစဥ် ယခုလ ဖေဖော်ဝါရီ ၂၁ ရက်ညနေပိုင်းကလည်း KTLA ဌာနချုပ်အနီးရှိ TNLA တပ်ရင်း ၁၀၃  စခန်းကိုပင် စစ်ကောင်စီတပ်က တိုက်ခိုက်သိမ်းခဲ့သည်။

KNLA တပ်ရင်း ၁၀၃ စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းချိန် စခန်းတွင်း၌ KNLA တပ်ဖွဲ့ဝင် ၅ ဦးခန့်သာကျန်ရှိနေချိန်ဖြစ်သဖြင့် စခန်းကိုဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်။

သို့သော်လည်း ညတွင်းပင်ချင် KNLA ၊ KNOD နှင့် KTLA တပ်များစုပေါင်း၍ ပြန်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၂၄ရက်နံနက်ပိုင်း၌ စစ်ကောင်စီတပ်ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

၁၀ ရက်ကျော်ကြာမြင့်ခဲ့သည့် ထီးကပလယ်စခန်းသိမ်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီစခန်းရှိ အဆောက်အဦးတချို့နှင့် ဘန်ကာတချို့ကို ဖျက်ဆီးတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိသည်ဟု သိရသည်။

ကရင်ပူးပေါင်းမဟာမိတ်တပ်များဘက်မှလည်း ထိခိုက်မှုများရှိခဲ့ပြီး ရဲဘော် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့များထံမှသိရသည်။

စစ်ရှောင် ၄၀၀၀ ကျော်နေရပ်မပြန်နိုင်သေး

********************

ထီးကပလယ်စစ်ကောင်စီစခန်းသိမ်း တိုက်ပွဲအတွင်း၌ ကရင်ကျေးရွာ ၁၃ရွာခန့်မှ ဒေသခံ ၄၀၀၀ ဦးကျော်ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများအတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူ ဆရာလားဝါးက သံလွင်ခက်ကိုပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများကို ညအချိန်ပိုင်းများအပါအဝင် တောက်လျောက်ပစ်နေခဲ့သည်။ ထို့ကြောင့် ဘလဲ့ဒို ၊  မော်ခီ ၊ ဥကရစ်ခီး ၊ ထီးကပလယ်၊ ပနွဲ့ဖိုးကလိုး၊ထီးသဲလယ် စသည့်ကျေးရွာများအပါအဝင် ကျေးရွာ ၁၀ ရွာ ကျော်မှ ဒေသခံ ၄၀၀၀ ဦးကျော် ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။

ထိုစစ်ဘေးရှောင်များကို ထိုင်းနိုင်ငံဘက်က လက်မခံသောကြောင့် ထိုင်း–မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးများ၌ ခိုလုံနေကြရသည်။

” အဲနေရာဘက်က ချောင်းတွေဘာတွေမရှိဘူးလေ၊ ဟိုးဘက်နိုင်ငံနဲ့ ဒီဘက်နိုင်ငံက မြေပြန့်လိုမျိုးပဲ။ ဟိုဘက်အခြမ်းမှာ ထိုင်းအလံ။ ဒီဘက်ခြမ်းမှာ ကရင်အလံ ထောင်ထာပြီး သူ့ကန့်အသတ်နဲ့သူနေတာ။

ဒါပေမယ့် တိုက်ပွဲဖြစ်တော့ ဟိုဘက်ခြမ်းသွားတာ လုံးဝမရဘူး။ ဒီလိုပဲ ခိုးချောင်ခိုးဝက်နဲ့ဝင်ပြီးတော့ သွားပုန်းနေရတယ်။ ရွာထဲမှာမဟုတ်ဘူး။ သူများရဲ့တောင်ယာထဲမှာ” ဟု ဆရာလားဝါးက ပြောသည်။

စစ်ရှောင်များသည် အမိုး၊ အကာ မလုံခြုံသည့်အခြေအနေ၌ နေရသည့်မှာ ရက်ကြာလာပြီးဖြစ်သည့်အပြင်ရာသီဥတုကလည်း အေးနေသေးသည့်အတွက် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးချို့ယွင်းမှုများ ဖြစ်လာသည်။

စစ်ရှောင်များအတွက် ကျန်းမာရေးစောင့်ရှောင်မှုပေးရာ၌ သာမာန် အအေးမိ၊ နှာချီ၊ ချောင်းဆို ရောဂါများအတွက်ကိုပင် ဆေးဝါးများ မလုံလောက်ဖြစ်နေသည်။

” အခုစစ်ဘေးရှောင်ကလေးတွေက နှာချီ၊ ချောင်းဆိုးတာတို့ ကိုယ်ပူတာတို့အဖြစ်များနေတယ်။ ဆေးတွေကလည်း ထိုင်းဘက်ကလည်းဝယ်မရဖြစ်နေတယ် “ဟု ဆရာလားဝါးကပြောသည်။

စစ်ဘေးရှောင်များအတွက်စီစဥ်ထားသည့် အရေးပေါ်ဆေးခန်းတွင် လာရောက်ပြသသူ နေ့စဥ် ၅၀ဦးမှ ၈၀ ဦးကြားအထိရှိနေပြီး ဆေးဝါးမလုံလောက်၍ ဆေးများကို ၅ရက်စာပေးရမည့်​နေရာ၌ တစ်ရက်စာ၊ နှစ်ရက်စာလောက်သာထိန်းပေးနေရသည်ဟု ၎င်းက ပြောသည်။

ဆေးဝါးများ ဝယ်ယူရန်ထိုင်းဘက်ကခွင့်မပြုသောကြောင့် မြန်မာနိုင်ငံအတွင်းမှ  ဝယ်ယူရမည်ဖြစ်ပြီးလမ်းကြောင်းအခြေအနေအရ ဆေးဝါးများကို ပမာဏများများ ဝယ်ယူရမည်ဖြစ်သဖြင့် အလှူငွေများလည်းလိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

ထီးကပလယ်စခန်းသိမ်းတိုက်ပွဲသည် လက်ရှိအခြေအနေ၌ ပြန်ငြိမ်းနေသော်လည်း စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့် ယမ်းသမ်းဖြစ်ခတ်နေခြင်းနှင့် ကျေးရွာအတွင်းတွေ့ရှိသူများကို သတ်ဖြတ်မှုများရှိနေခြင်းတို့ကြောင့် ကျေးရွာများအတွင်း ပြန်မဝင်ကြသေးရန် ဗိုလ်စလုံးကပြောသည်။

ထီးကပလယ် တိုက်ပွဲတွင်း၌ ဒေသခံများ စစ်ဘေးရှောင်တိမ်းရင်း ထိခိုက်ဒဏ်ရာရရှိမှုများရှိသည့်အပြင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ထီးကပလယ်ရွာတွင်  အသက်၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦးသေဆုံးခဲ့ရသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီတပ် ရိက္ခာပို့ရဟတ်ယာဥ်အား KA ပစ်ခတ်
Next Article ရွှေဘိုမြို့နယ်က နေအိမ်နှင့် ယက်ကန်းစင်များ မီးရှို့ခံရ
thanlwinkhet
  • Website

Related Posts

နတ်မောက်အရှေ့ခြမ်း တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

April 9, 2026

စစ်အုပ်စုက ဝေါလေဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

April 6, 2026

ပေါက်တွင် ရိက္ခာပို့သည့် စစ်ကော်မရှင်ရဟတ်ယာဉ် ပစ်ခတ်ခံရ

April 4, 2026

Leave A Reply Cancel Reply

Recent Posts

  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
  • “အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်
  • ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့

လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ

“အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်

ယခင်သတင်းများ

  • April 2026
  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • သရော်စာ
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

April 10, 2026

ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့

April 10, 2026

လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ

April 10, 2026

“အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်

April 10, 2026

ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ

April 9, 2026

ဖားအံထောင်မှ အကျဉ်းသား ၃၈ ဦးကို KNU လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်

April 9, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.