စစ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် အခြားဆက်စပ်ပစ္စည်းများ အမေရိကန်ဒေါ်လာ သန်း၉၆၆သန်းခန့် ဖမ်းဆီးရခဲ့မိသည်ဟု စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင်ရေးသားဖော်ပြထားသည်။
ဖမ်းဆီးရမိသည့် ဘိန်းနှင့်ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်း စုစုပေါင်းတန်ဖိုးမှာ မြန်မာကျပ်ငွေအားဖြင့် ဘီလီယံနှစ်ထောင်ကျော်ခန့်ရှိနေခြင်းဖြစ်သည်။
နှစ်နှစ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားအရေအတွက် ၃၆၀သန်းကျော်နှင့် ဘိန်းဖြူ ကီလို ၃၇၀၀နီးပါး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ ဆေးခြောက် ကီလို၁၃၀၀ ကျော်ခန့်လည်း ဖမ်းဆီးရမိခဲ့သည်ဟု ဆိုထားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ စီမံချက်ဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကိုအရှိန်တိုးမြှင့်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ် နှင့်ယှဥ်လျှင် ၂၀၂၂ အတွင်း မူးယစ်ဆေးဝါး ကန်ဒေါ်လာ၂၇သန်းကျော် ပိုမိုဖမ်းဆီးရခဲ့မိသည်ဟု ဆိုသည်။
ကုလသမဂ္ဂစစ်တမ်းအရ ၂၀၁၃ခုနှစ် နောက်ပိုင်းနှစ်များတွင် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု တဖြည်းဖြည်းလျော့ကျလာခဲ့ပြီး အာဏာသိမ်းပြီးနောက် ၂၀၂၁နှင့် ၂၀၂၂ခုနှစ်များတွင် ပြန်လည်မြင့်တက်လာခဲ့သည်ဟု သိရသည်။