![]()
ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများ အလုပ်သမားအခွင့်အရေးအပြည့်အဝ မရရှိဟုအလုပ်သမားအရေး ကူညီသူများက သံလွင်ခက်ကို ပြောသည်။ အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရမှုများကြောင့် အလုပ်သမားရေးကူညီသူအဖွဲ့များထံ အကူညီတောင်းခံမှုများမှာလည်း နေ့တိုင်းနီးပါးရှိသည်ဟု အလုပ်သမားရေး ကူညီသူများကပြောသည်။ ထိုင်းရောက် မြန်မာအလုပ်သမားရေးကူညီသူ AAC အဖွဲ့မှ ကိုရဲမင်းက “အဓိကအတိုင်များတာကတော့ လုပ်ငန်းခွင်တွင်းဖိနှိပ်မှု၊အထောက်ထားကတ်တွေကို သိမ်းဆည်းထားပြီး လုပ်ခလစာအပြည့်ဝမပေးဘဲ အချိန်ပိုဆင်းခိုင်းတာတွေ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုဖြစ်ရင်…