စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ ရှမ်းစု နှင့် တကုန်းစသည့်ကျေးရွာများရှိ ဒေသခံများ ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် ဖိအားပေးခံနေရသည်ဟု ဒေသခံများထံက သိရသည်။ အဆိုပါ ကျေးရွာများရှိ ဒေသခံများကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များက မတ်လ ၁၄ ရက်နှင့်၁၅ ရက်များတွင် အစည်းဝေးခေါ်ယူ၍ ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။ ၎င်းက…