• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • စစ်မှုထမ်းတပ်သား ၄ ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ
  • ဖိလစ်ပိုင်ငလျင် အနည်းဆုံး လူ ၆၉ ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ
  • မောင်တော အထက်အင်းချောင်းရွာအနီး ရုပ်အလောင်းများ တွေ့
  • စစ်‌ကော်မရှင်တပ် မီးရှို့မှုကြောင့် ပြည်သူ့နေအိမ် ၇၀ ကျော် မီးလောင်ပြာကျ
  • စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်တည်း အရပ်သား ၁၄ ဦး သေဆုံး
  • ရသေ့တောင်ကို လက်နက်ကြီးကျ ဒေသခံတစ်ဦး သေဆုံး
  • လေးကေ့ကော်ရေကန်ကုန်းကို စစ်တပ် ပြန်သိမ်းပိုက်
  • ဘောလုံးပွဲခိုးလွှင့်သည့် IPTV လုပ်ငန်းကို DSI ဝင်စီး၊ ဘတ်သန်းထောင်ချီတန် လောင်းကစားကွန်ရက်နှင့် ဆက်စပ်မှုတွေ့ရှိ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ထိန်းချုပ်ရခက်နေရာများမှာ စစ်ကောင်စီ ဗျူဟာပြောင်း ထိုးစစ်ဆင်
တိုက်ပွဲသတင်း

ထိန်းချုပ်ရခက်နေရာများမှာ စစ်ကောင်စီ ဗျူဟာပြောင်း ထိုးစစ်ဆင်

thanlwinkhetBy thanlwinkhetMarch 18, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

အာဏာသိမ်းကာလ ၂ နှစ်ပြည့်ပြီး နောက်ပိုင်း စစ်ကောင်စီက ထိန်းချုပ်ရခက် ဒေသများကို ဗျူဟာပြောင်းထိုးစစ်ဆင်လာသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

စစ်ကိုင်းတိုင်း၊ မြောင်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ CDSOM အဖွဲ့ပြောခွင့်ရက “အရင်က စစ်ကြောင်းလာတယ်ဆိုရင် ဘယ်ရွာကို သွားမလဲဆိုတာ ခန့်မှန်းနိုင်တယ်။  အခုက စစ်ကြောင်းလာပြီဆိုရင် တစ်နေရာတည်းမဟုတ်တော့ဘူး။ အနည်းဆုံးနှစ်နေရာခွဲလာတာမျိုးရှိတယ်။ ရွာထဲ ဝင်ပြီဆိုရင်လည်း ခွဲလာတဲ့ စစ်ကြောင်းကိုမှဖြန့်ပြီးတော့ ပြန်ဝင်တာမျိုးတွေရှိတယ်။ ဗျူဟာအားဖြင့်တော့ တော်တော်လေးပြောင်းလာတယ်။ လက်နက်ကြီးအင်အားသုံးတာမျိုးတွေရှိတယ်။ လက်နက်အင်အားတော်တော်သုံးလာတယ်“ဟု ပြောသည်။

စစ်ကိုင်း ၊မ​ကွေး ၊ပဲခူး နှင့် တနင်္သာရီတိုင်းဒေသကြီးက ​ဒေသများတွင် အမျိုးသားညီညွတ်ရေး အစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများရှိလာပြီး ကြားကာလအုပ်ချုပ်​ရေးစနစ်ကို အ​ကောင်အ​ထည်​ဖော်​နေ​သည်ဟု NUG ကထုတ်ပြန်ထားသည်။

စစ်ကောင်စီက အာဏာသိမ်းကာလကို ၆ လသက်တမ်း ထပ်မံတိုးခဲ့ပြီးနောက် စစ်ကိုင်း၊မကွေး၊ပဲခူး၊ တနင်္သာရီ၊ချင်းပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့ရှိ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး မာရှယ်လောအာဏာကျင့်သုံးရန် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသို့ထိန်းချုပ်ရခက် ဒေသများကို စစ်ကောင်စီက မာရှယ်လော ကျင့်သုံးကာ ထိုးစစ်ဆင်မှုကိုလည်း တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်သည်။

လက်ရှိ စစ်ကောင်စီထိုးစစ်ဆင် စစ်ကြောင်းထိုးနေသော မြို့နယ်များသည်  NUG နှင့် တော်လှန်ရေးအင်အားစုများက အပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိသည့် ဂရေး(Grey) ဧရိယာ နယ်မြေများသာ ဖြစ်သည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သံလွင်ခက်ကိုပြောသည်။

၎င်းက “ဂရေး ဧရိယာလိုနေရာမျိုးမှာဆိုရင်တော့ ပြည်သူတွေကို တတ်နိုင်သလောက် သတိဝီရိယနဲ့နေဖို့၊ စစ်ကောင်စီကလည်း အချိန်မရွေးစစ်ကြောင်းတွေရောက်လာနိုင်လို့ သတင်းအချက်အလက်တွေရနေဖို့၊ စစ်ကြောင်းနီးလာတာနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ သတိပေးထားပါတယ်” ဟုပြောသည်။

စစ်ကောင်စီဘက်က စစ်ရေးအရရော၊ နိုင်ငံရေးအရပါ အထိနာလာသည့်အတွက် တိုင်းရင်းသားအဖွဲ့အစည်း(EROs) များကိုပါ အသုံးချလာ သည်ဟု ဦးနေဘုန်းလတ်က ဆက်ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တိုင်းရင်းသားအင်အားစုများ၏ နယ်မြေစိုးမိုးနိုင်မှုမှာ တစ်နိုင်ငံလုံးဧရိယာ၏၅၀ ရာခိုင်နှုန်းနီးပါးရှိသည်ဟု NUG က ထုတ်ပြန်ကြေညာထားသည်။

အချို့ဒေသများကို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ  နယ်မြေစိုးမိုးမှုအားကောင်းနေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခြင်းသည်  ထိုးစစ်ဆင်မှုကို မြင့်တက်စေသည်ဟု နိုင်ငံရေးလေ့လာသူတစ်ချို့ကသုံးသပ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်း၊ ကုန်းကြောင်းမှ သာလွန်အင်အားသုံး၍ စစ်ကြောင်းထိုးနေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားအင်အားစုများက ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကြိုးစားကာကွယ်ပေးနေသည်ဟု NUG သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကဆိုသည်။

“စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် ကြိုတင်ပြီးတော့ အသိပေးနိုင်တဲ့ စနစ်တစ်ခုဖြစ်အောင်ကြိုးစားဆောင်ရွက်နေတယ်။ ဗုံးခိုကျင်းတွေတူးတာတွေ ကျွန်တော်တို့ဆောင်ရွက်ပေးနေတယ်”ဟု ဦးကျော်ဇော်က ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှစ၍ ၂၀၂၃ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲပေါင်း  ၈၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်အုပ်ချူပ်ရေးကြေညာခဲ့သော မြို့နယ် ၁၁ ခုတွင် အကြိမ် ၃၆၀ ဖြစ်ပွားခဲ့သည်ဟု ISP Myanamar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ပုံစာ–ထိုးစစ်ဆင်နေသည့် ကယားပြည်နယ်က တပ်ဖွဲ့ဝင်များကို ဒုတိယစစ်ကောင်စီခေါင်းဆောင်က မတ်လ၁၅ရက်နေ့တွင် သွားရောက်တွေ့ဆုံစည်းရုံးခဲ့သည့်မြင်ကွင်း။

Photo-SN

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleနွားလှည်းငါးစီးဖြင့် ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်
Next Article ​နေပြည်​တော်၊ လယ်​ဝေးမြို့အနီးရှိ ခမရ (၆၀၄) တပ်ရင်းကို NUG PDF ပစ်ခတ်တိုက်ခိုက်
thanlwinkhet
  • Website

Related Posts

စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်တည်း အရပ်သား ၁၄ ဦး သေဆုံး

September 30, 2025

လေးကေ့ကော်ရေကန်ကုန်းကို စစ်တပ် ပြန်သိမ်းပိုက်

September 30, 2025

ဂါဇာရှိ အရပ်သား ဒဏ်ရာပုံစံများသည် စစ်မြေပြင်မှ စစ်သားဒဏ်ရာများနှင့် ဆင်တူနေဟု သုတေသနတွေ့ရှိ

September 26, 2025

Leave A Reply Cancel Reply

Recent Posts

  • စစ်မှုထမ်းတပ်သား ၄ ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ
  • ဖိလစ်ပိုင်ငလျင် အနည်းဆုံး လူ ၆၉ ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ
  • မောင်တော အထက်အင်းချောင်းရွာအနီး ရုပ်အလောင်းများ တွေ့
  • စစ်‌ကော်မရှင်တပ် မီးရှို့မှုကြောင့် ပြည်သူ့နေအိမ် ၇၀ ကျော် မီးလောင်ပြာကျ
  • စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်တည်း အရပ်သား ၁၄ ဦး သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

စစ်မှုထမ်းတပ်သား ၄ ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ

ဖိလစ်ပိုင်ငလျင် အနည်းဆုံး လူ ၆၉ ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

မောင်တော အထက်အင်းချောင်းရွာအနီး ရုပ်အလောင်းများ တွေ့

စစ်‌ကော်မရှင်တပ် မီးရှို့မှုကြောင့် ပြည်သူ့နေအိမ် ၇၀ ကျော် မီးလောင်ပြာကျ

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

စစ်မှုထမ်းတပ်သား ၄ ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ

October 1, 2025

ဖိလစ်ပိုင်ငလျင် အနည်းဆုံး လူ ၆၉ ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

October 1, 2025

မောင်တော အထက်အင်းချောင်းရွာအနီး ရုပ်အလောင်းများ တွေ့

October 1, 2025

စစ်‌ကော်မရှင်တပ် မီးရှို့မှုကြောင့် ပြည်သူ့နေအိမ် ၇၀ ကျော် မီးလောင်ပြာကျ

September 30, 2025

စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်တည်း အရပ်သား ၁၄ ဦး သေဆုံး

September 30, 2025

ရသေ့တောင်ကို လက်နက်ကြီးကျ ဒေသခံတစ်ဦး သေဆုံး

September 30, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.