![]()
တာတိုင်ရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဘီလူးကွန်မန်ဒိုစစ်ကြောင်းသည် PDF ယူနီဖောင်းများဝတ်ကာ ဝင်ရောက်လာမှုကြောင့် စခန်းတစ်ခုမီးရှို့ဖျက်ဆီးခံရပြီး ပြည်သူနှစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ယခု မတ်လ၁၉ရက်တွင် ဘီလူးစစ်ကြောင်းသည် မြောင်မြို့နယ် ငရံ့အိုရွာမှတဆင့် ရေစကြိုမြို့နယ်အတွင်းသို့ဝင်ရောက်လာခဲ့သည်ဟု Shwe Lal Kyun PDF တာဝန်ခံရဲဘော် ဗိုလ်ဗန်ဒိန်းက သံလွင်ခက်ကိုပြောသည်။ “လုံခြုံရေးအရ ရွာနာမည်တော့မပြောတော့ဘူး စခန်းအထိုင်ချရာရွာနားလေးကို မနက်ငါးနာရီခွဲလောက်မှာရောက်လာတာ”ဟု…