ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာအနီးအနား ပတ်ဝန်းကျင်တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် ခမရ (၅၁၃)တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး လက်နက်၊ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင်ဖော်ပြထားသည်။ စစ်ကောင်စီတပ်နှင့်ကရင်နီပူးပေါင်းတပ်တို့သည် မတ်လ ၁၈ရက်တွင် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ (၅)ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာ အများအပြားဖြင့် ဆုတ်ခွာသွားခဲ့သည်။ ထို့ပြင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်းနှင့် တိုက်ပွဲတွင်း၌ ကရင်နီပူးပေါင်းတပ်ဖွဲ့မှရဲဘော်…