ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာအနီးအနား ပတ်ဝန်းကျင်တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် ခမရ (၅၁၃)တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး လက်နက်၊ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင်ဖော်ပြထားသည်။
စစ်ကောင်စီတပ်နှင့်ကရင်နီပူးပေါင်းတပ်တို့သည် မတ်လ ၁၈ရက်တွင် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ (၅)ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာ အများအပြားဖြင့် ဆုတ်ခွာသွားခဲ့သည်။
ထို့ပြင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်းနှင့် တိုက်ပွဲတွင်း၌ ကရင်နီပူးပေါင်းတပ်ဖွဲ့မှရဲဘော် တစ်ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့ ကြောင်း KnMICက ထုတ်ပြန်ထားသည်။
မတ်လ၁၉ရက်၊ နံနက်၁၀နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ကရင်နီတပ်မတော်KAခြေပြုစခန်းအား ဒုတိယအကြိမ်ချဉ်းကပ်မှု ပြုလုပ်လာခဲ့သည်။
မီတာ(၃၀၀) အတွင်းရောက်ရှိစဉ် စစ်ကောင်စီ တပ်မှတစ်ဦး မိုင်းနှင်းမိ၍ ခြေပြတ်သွားခဲ့ပြီးနောက် KAတပ်ဖွဲ့မှ ဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်မှ ၂ဦး ထပ်မံဒဏ်ရာ ရရှိခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်ဘက်မှ ၆၀မမ၊ ၁၂၀မမဖြင့် ပြန်လည်ပစ်ခတ်ခဲ့သောမလည်း ကရင်နီတပ်မတော်မှထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲဟု KnMICက ဖော်ပြထားသည်။