မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောထဲများ၌ ရှောင်တိမ်းနေကြရသည့် ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်များသည်ညတွင်းချင်းမိုးရေထဲ ရွေ့ပြောင်းခဲ့ကြရပြီး နေစရာအတွက် အရေးပေါ်ပြင်ဆင်ပေးနေရသည်ဟု ကူညီပေးနေသူများထံမှသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၇၀၀၀ ဦးခန့်သည် စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုနှင့်နေအိမ်များမီးရှို့ဖျက်ဆီးမှုများကြောင့် အိုးအိမ်မဲ့ မီးဘေးသင့်စစ်ဘေးရှောင်အများအဖြစ် တောထဲတွင်ယာယီတဲလေးများဆောက်လုပ်၍ ခိုလှုံနေကြရသည်။ ” ရာသီဥတုဖောက်တာ ၃ရက်လောက်ရှိပြီးပေါ့နော်။ မနေ့ကစပြီးတော့ မိုးသည်းကြီးမည်းကြီးရွာတာပေါ့နော်။ ခါတိုင်းရက်တွေဆို မိုးကတစ်ဖြောင့်နှစ်ဖြောင့်လောက်ပဲရွာတော့…