သဇင်
မတ် ၂၅၊၂၀၂၃။
ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ ကုန်သွယ်ရေးဇုန်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ကုန်သွယ်ရေးဇုန်ရှိ ပို့ကုန်ဆက်သွယ်ရေးimport ရုံးမီးလောင်ပျက်စီးခဲ့ပြီး ထိုင်းကားမောင်းသမားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့နယ် မဲကနယ်အုပ်စု၌ KNLA နှင့်PDF ပူးပေါင်းတပ်များက စစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်BGF စခန်းများကိုတိုက်ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပါ အသုံးပြုခဲ့သောကြောင့် မြ၀တီ–ကော့ကရိတ် အာရှလမ်းပိုင်းရှိ ကားလမ်းပျက်စီးသွားခဲ့ပြီး ထိုင်းကားသမားတစ်ဦးလည်း သေနတ်ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“မိုင်းပေါက်ကွဲလို့ လမ်းတွေလဲရစရာမရှိတော့ဘူး။မနက်က ထိုင်းကားသမားတယောက် ကျောကုန်း ကိုလက်နက်ကြီးကျည်စထိသွားတယ်။importရုံးလဲမီးလောင်သွားတယ်။စစ်ကားတွေလဲပတ်နေတာ ဘယ်သူမှလဲအပြင်မထွက်ရဲဘူး“ဟု ၎င်းကပြောသည်။
ထိုဖြစ်စဉ်အတွင်း ထိခိုက်ဆုံးရှုံးရမှုများအခြေနေကို သံလွင်ခက်က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မတ်လ၂၄ရက်နေ့က မြဝတီမြို့တွင် ပုဒ်မ၁၄၄ ထုတ်ပြန်ထားပြီး ယနေ့ မနက်ပိုင်းတွင်လည်း စစ်ကားများလှည့်လည်ကာ မြို့အဝင်အထွက်များကိုပိတ်ထားသည်။
နှစ်ဖက်တိုက်ပွဲများကြောင့် ထိုင်း–မြန်မာ နယ်စပ်ကုန်သွယ်ရေး တံတားအမှတ် ၂ ယာယီ ပိတ်ထားရသည်။
ပုံစာ– ထိုင်း–မြန်မာ ချစ်ကြည်ရေးတံတားတွင်လုံခြုံရေးယူထားသည့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များမြင်ကွင်း။
Photo-TM