ယမင်းဖူးပွင့်အောင်
မတ်၂၄၊၂၀၂၃။
မြန်မာနိုင်ငံတွင် ယနေ့နံနက်အစောပိုင်းမှစ၍ နေ့လည်ပိုင်းအထိ zoom အက်ပလီကေးရှင်းကို အသုံးပြုမရခြင်းဖြစ်ခဲ့သည်ဟု အသုံးပြုသူများကပြောသည်။
“အများစုကတော့ network connection ကြောင့်ဆိုပြီး error code တွေပေါ်လာတယ်။ License version ဝယ်သုံးသူတွေရော Free version သုံးသူတွေရောဖြစ်နေတာဆိုတော့ Zoom ကိုမြန်မာပြည်မှာအသုံးပြုမရအောင် Ban လိုက်တယ်လို့ကျွန်တော်တို့ Admin Team ဘက်ကယူဆပါတယ်”ဟု Zoomology Facebook စာမျက်နှာတွင်ဖော်ပြထားသည်။
ယင်းသို့ဖြစ်ပွါးခဲ့ရာ Zoom အက်ပလီကေးရှင်းကိုလည်း vpn ခံ၍ ခေတ္တအသုံးပြုခဲ့ရသည်ဟု သုံးစွဲသူများကပြောသည်။
“myanmar id address (မြန်မာမှတ်ပုံတင်) နဲ့သုံးလို့မရပဲ တစ်ခြား vpn ခံပြီးမှ သုံးလို့ရတာပါ” ဟုပြောသည်။
1.1.1.1 Vpn အက်ပလီကေးရှင်းမှလွဲ၍ အခြား Free vpn (အခကြေးငွေမပေးသွင်းရသော) များဖြင့် Zoom အက်ပလီကေးရှင်းကို အသုံးပြု၍အဆင်ပြေနိုင်သည်ဟု ပညာရှင်တစ်ဦးကပြောသည်။
ယခုအချိန်တွင် Zoom အက်ပလီကေးရှင်းကို ပြန်လည်အသုံးပြု၍ ရနေသော်လည်း ပိတ်ပင်(ban) ခံရပါက vpn ခံ၍ အသုံးပြုနိုင်သလို Google meet အက်ပလီကေးရှင်းကို အစားထိုးအသုံးပြုနိုင်သည်ဟု ကျွမ်းကျင်သူများကပြောသည်။
Zoom အက်ပလီကေးရှင်းကို အမေရိကန်နိုင်ငံသား Eric Yuan က တီထွင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလတွင် စတင်အသုံးပြုနိုင်ခဲ့သည်။
Photo-(Zoom CEO Eric Yuan-BI)