သဇင် ဧပြီ ၁၀၊၂၀၂၃။ ရခိုင်ပြည်သူများအနေဖြင့် တော်လှန်ရေးအတွက် ဆက်လက်ကြံ့ကြံ့ခံကာ စည်းလုံးမှုအပြည့်နှင့် ခရီးဆက်ကြရန်ရက္ခိုင့်တပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းပြောကြားခဲ့သည်။ ယနေ့ ဧပြီလ ၁၀ ရက်၊ ရက္ခိုင့်တပ်တော်(အေအေ) တည်ထောင်ခြင်း ၁၄ နှစ်မြောက်အထိမ်းအမှတ်အခမ်းနားတွင်ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ “တိုက်ပွဲသံ၊ ဗုံးလက်နက်အမြောက်ဆံတိကြားက နာကြင်မှုမျက်ရည်တိနန့် ရဲရင့်စွာ ရပ်တည်နီကတ်တေ အာရက္ခပြည်သူတိနန့်…